Final

29.5K 2.4K 1K
                                        

ချစ်ခြင်းတရားက သိပ်ဆန်းကြယ်
ငါဟာ အထပ်တလဲလဲ
မင်းမုသားတွေထဲမှာ ကပ်ငြိတွယ်..

=====

ငါးနှစ်အကြာမှ ပြန်တွေ့တယ်ဆိုပေမဲ့ drama ဇာတ်လမ်းတွေထဲကလို သူတို့ နှစ်ယောက် ပြေးပွေ့မဖက်ကြဘူး။

ဘေးချင်းကပ်ရပ်ထိုင်ပြီး စီးကရက်တွေကိုပဲ အကြောင်းမဲ့ ရှိုက်ဖွာနေကြတာ။

ဘေးတိုက် မြင်နေရတဲ့ မင်းမေးရိုးက စီးကရက်အငွေ့တွေ ကြားထဲမှာ ထင်းနေပုံက စာမဖွဲ့ရက်သည်အထိ ။

''ငါတို့ ဒီ သောက် friend zone ထဲကနေ ရုန်းထွက်ရအောင် Jungkook''

ပျံ့လွင့်လာသည့် ဤစကားက Jungkook အတွက် လက်ဖျားတို့ပင် အေးစက်သွားစေသည်။

ငါးနှစ်နီးပါး လွမ်းနာကျနေခဲ့ရလို့ ကယောင်ချောက်ချား သူကြားမိနေသလား ။

''ငါသိတယ် ။ ငါ့ကိုမယုံဘူးဆိုတာ ''

အရင်လို ခပ်ဂျစ်ဂျစ်လူဆိုးလေးက အခုလည်း သူစိတ်ထင်ရာ လျှောက်တွေးနေပုံ ။

သူ Taehyung ကို ယုံသည်။
မယုံတာက သူ့နှလုံးသားကို ။

အချိန်နဲ့ ကုစားထားလို့ နေသားကျနေခါမှ နောက်တစ်ခေါက် ထပ်ချစ်မိသွားရင် အရင်လို အချစ်ရူးရုံတင် ရပ်တန့်သွားမှာ မဟုတ် ။

''မင်းမှာ ဟေးဆိုးရှိနေတယ်လေ ။ ငါ့ကို ရူးအောင် ထပ်မလုပ်ပါနဲ့ ''

''သူမနဲ့ ငါ လက်ထပ်ပြီး
တစ်လအကြာမှာ လမ်းခွဲခဲ့တာ''

ပျော်ရမလိုလို ၊ ဝမ်းနည်းရမလိုလို ။

မဟုတ်မှ Taehyung က ဟေးဆိုးကို လွမ်းလို့ သူ့ကို အသုံးချပြီး ကုစားဖို့များ စဥ်းစားနေသလား ။

''ငါ သူမကို မထိဘူး ။ မထိရက်ဘူး ။ မထိရက်ခဲ့ဘူး ။ ငါ မင်းနဲ့ အတူရှိခဲ့တဲ့ အဲ့ဒီညကိုပဲ မြင်နေလို့ ''

လေးနက်နေသည့် Taehyung မျက်လုံးတွေက ပေါ့တန်တန် ပြောနေတာမဟုတ်မှန်း သိသာလွန်း ။

Jungkook ရူးမိုက်စွာ
ယုံကြည်ချင်မိသွားသည်။

''ငါမင်းဆီ ဖုန်းတွေခေါ်တယ်လေ ။ နှစ်နှစ်နီးပါးတောင် မကိုင်တော့
ငါနောက်ပိုင်း မခေါ်ဖြစ်တော့ဘူး ''

Friend Zone ( Completed )Tahanan ng mga kuwento. Tumuklas ngayon