၀၂

6.6K 497 26
                                    

(Zawgyi)
  
အရင်ဆုံးနိုးတာမို့ ဘေးနားကနာရီကိုကြည့်လိုက်တော့ မနက်၆နာရီ။

ဆောင်းဝင်စဖြစ်တာကြောင့် မနက်ဆို အေးစိမ့်စိမ့်လေးဖြစ်သော်လည်း နေ့လယ်ပိုင်းဆို သာမာန်သာ။ ရေပြင်က အလုပ်ရသွားဦးမှာမို့ သူမနက်စာပြင်ရဦးမည်။

ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ရေပြင်၏ အပေါ်သို့စောင်လေးထပ်ခြုံပေးပြီး နဖူးလေးကို အသာနမ်းတော့ အိပ်ပျော်နေသည့်ရေပြင့်မျက်တောင်လေးက လှုပ်ခက်လာ၏။

အင့်ခနဲ့ ရေရွတ်ရင်းဘေးနားက သူ့ကိုပါဆွဲဖက်တာကြောင့် စွဲမက်ကိုယ်လုံးက ချက်ချင်းမွေ့ရောပေါ်ပြန်ပစ်ကျသွားသည်။

ချမ်းနေပုံရသည့်ရေပြင်က တိုးဖက်ထားတာမို့ခပ်ဟဟရယ်တော့ မျက်ခုံးလေးက တွန့်လာသေး။

"အိပ်လေ အစောကြီးရှိသေးတယ်"

"မင်းလဲအိပ်"

တွန့်နေသည့်မျက်ခုံးလေးကိုအသာဖြေပေးရင်းဆိုတော့ မျက်လုံးမဖွင့်ဘဲ ချွဲလာသေး။

အိပ်ချင်နေတာတောင် အေးအေးဆေးဆေးအိပ်တာမဟုတ်။ သူ့ကိုချွဲနေသေးတဲ့ကလေးဆိုးကြီးကတော့တကယ်ပါပဲ။

"ငါကဒီအချိန်ထနေကျ ၊ မအိပ်ချင်တော့ဘူး ၊ မင်းက အလုပ်ပင်ပန်းထားတာ ဆက်အိပ်ဦး ၊ ငါမနက်စာပြင်ပေးမယ်"

"အင်း ပြီးရော ငါထမင်းပဲစားချင်တယ်"

"OK ငါလုပ်ပေးမယ် ၊ ခုတော့လွှတ်ဦး"

နဖူးကိုထပ်နမ်းလိုက်တော့ မျက်လုံးမှိတ်ထားသည့် မျက်နှာက အနည်းငယ်ပြုံးရွှင်လာသည်။

ဖြောင့်စင်းနေသည့်နှာခေါင်းလေး ၊ မထူမပါးနှုတ်ခမ်း ၊  မျက်ခုံးမွေးနက်နက်ကလေး ရေပြင်က ကြည့်ကောင်းသည့် အမျိုးသားတစ်ယောက်ပင်။

စွဲမက်ရဲ့ ငယ်ဘဝကကတည်းက crush လေး။ အခုလို တစ်ယောက်နှင့်တစ်ယောက် မေတ္တာထားရင်း အတူနေနိုင်တာမို့ စွဲမက်အမြဲတမ်းကြည်နူးရ၏။

ခါးပေါ်ကလက်တွေဖယ်ပေးတော့မှ သူလဲမွေ့ရာပေါ်ကဆင်းဖြစ်တော့သည်။ အနွေးထည်တစ်ထည်ကို ထုတ်ထားပြီး ရေချိုးခန်းထဲဝင် မျက်နှာသစ်ရသေး၏။

ENOUGH Where stories live. Discover now