(Zawgyi)
"ငါမင်းအတွက် မနက်စာပြင်ပေးထားတယ်၊စားလိုက်ဦး"မနက် အိပ်ရာနိုးလို့အခန်းထဲကထွက်လာတော့စွမ်းရည်ကရောက်နေပြီးသား။ဘယ်အချိန်ကတည်းကရောက်နေတာလဲမသိ။ စွဲမက်လဲ ညကတော်တော်လေးအိပ်ပျော်သွားသည်။စိတ်ညစ်တာရယ် ဝမ်းနည်းတာတွေစုပြုံပြီး တော်တော်လေးကို လူက နုံးသွားသည်။
"မင်းကိုကြည့်ရတာ စိတ်မချမ်းသာလိုက်တာစွဲမက်ရာ ၊ ဒီရက်ကလေးအတွင်းတော်တော်လေးကိုပိန်သွားတယ်"
စွမ်းရည်၏ စကားကြောင့် စွဲမက်ခပ်ဖွဖွသာပြုံးမိပါသည်။ ဟုတ်မှာပေါ့ စားရတာလဲအဆင်မပြေသလို အိပ်ရတာလဲအဆင်မပြေ။ နေရတာ ဘယ်လိုမှအဆင်မပြေ။
ရေပြင့်ဆီကိုသွားကာ အရာအားလုံးကိုမေးကြည့်ချင်ပေမဲ့လဲထပ်တွေ့ပြီးတဲ့အခါ မခွဲနိုင်ဖြစ်မှာကို သူကြောက်သည်။
"စားလိုက်ဦး တခြားကိစ္စတွေ တွေးမနေနဲ့"
"အင်း မင်ရောစားလေ"
"စားမှာပေါ့"
ထိုင်ခုံကိုဆွဲကာထိုင်ပြီး ပြင်ဆင်ပေးထားသည့်မနက်စာထမင်းကြော်လေးကို ကြက်ဥလေးနှင့်စားလိုက်၏။
အရသာကတော်တော်လေးကောင်းသည်။ပူပူနွေးနွေးလေးက တော်တော်စားကောင်းသည်မို့။
"မင်းကြော်တာလား"
သူ့စကားကို မျက်နှာမဲ့ပြသည့်စွမ်းရည်က ခေါင်းခါ၏။
"ဘယ်ကသာ ၊ ငါကဘာဟင်းမှမချက်တတ်တာကို ၊ အခုက ဝယ်လာတာ"
"အာ ထင်တော့ထင်သား"
ခပ်ဟဟရယ်ကာဆိုရင်း ထမင်းကြော်လေးကိုသာဆက်စားနေလိုက်သည်။
စွမ်းရည်က တကယ်လဲ ဘာမှမချက်။ စွဲမက်ဟင်ချက်ရင်တောင် ပျင်းစရာကြီးဟုဆိုတတ်သေးသည်။ သို့သော် ချက်ပြီးထားသည့်ဟင်းတွေကိုတော့ အရမ်းကြိုက်၏။
"ဦးလေး ငါ့အကြောင်းသိသွားပြီလား"
"အင်း သိသွားပြီ"
"ထားပါ ၊ ဘာပဲပြောပြောအနှေးနဲ့အမြန်သိမှာကို"
မျက်ရည်ကဝဲလာသည်မို့ မသိမသာသုတ်လိုက်ရသည်။ စွမ်းရည်ကိုလဲ ဒုက္ခမပေးချင်တော့ပါ။