(Zawgyi)
လိုအပ်တာတွေဝယ်ဖို့အတွက် စက်ဘီးလေးနှင့်အိမ်နားက စတိုးကိုပြေးရသေးသည်။ကြက်ဥတွေ၊ ခရင်တွေကို ဝယ်ပြီး သစ်သီးအနည်းငယ်ကိုလည်း ဝယ်လာခဲ့လိုက်သည်။အိမ်ပြန်ရောက်တော့ Kitchen ထဲဝင်ကာကိတ်မုန့်တစ်ခုကိုအလျင်စလိုလုပ်ရသည်။
နဂိုကတည်းက ချက်ရပြုတ်ရတာတွေ ၊ မုန့်လုပ်တးရတာတွေကို သဘောကျတာကြောင့်စွဲမက်၏ kitchen လေးက ပစ္စည်းစုံလင်လှသည်။
အရမ်းကြီးမကျယ်ဘဲ အသင့်အတင့်သာကျယ်သော်လည်း သေရပ်နေပြီး ချစ်စဖွယ်လေးဖြစ်လျက်။
အကျီ င်္လက်ကို တံတောင်ထိခေါင်တင်ကာ ကိတ်မုန့်လေးကို စတင်ပြင်ဆင်ရတော့သည်၏။လှလှပပလေးဖြစ်အောင်ကြိုးစားကာ အပေါ်မှစတော်ဘယ်ရီသီးလေးကို တင်ထားလိုက်တော့ နီရဲရဲလေး။
လက်တွင်ပေနေသည့် ခရင်လေးကိုအသာလျှက်ကြည့်တော့ အရသာလေးက ချိုမြမြ။
မဆိုးပါဘူး ။ စားလို့တော့ကောင်းပါသည်။
အကျွမ်းကျင်ဆုံးက ဟင်းချက်တာဖြစ်ပြီး အခုလိုမျိုး ကိတ်တွေကိုတော့ စွဲမက်သေချာမလုပ်တတ်သေးပါ။
သင်ယူတုန်းသာရှိသေးတာမို့ အရမ်းကြီးမကောင်းတတော့ ဝန်ခံ၏။ သို့သော် ဆိုးဝါးနေတာတော့မဟုတ်ပါ။
ဘာဖြစ်လဲ ကိုယ့်ဘာသာပဲစားမှာ အရမ်းကြီးသ,နေစရာမလိုပါဘူး။
ပြင်ဆင်ထားတာတွေပြီးတော့မှ ကိတ်မုန့်လေးကိုအသာသိမ်းပြီး အပေါ်ကိုတက်လာခဲ့လိုက်သည်။ တံခါးဖွင့်ကြည့်လိုက်တော့ မွေ့ရာပေါ်မှာအိပ်နေသည့် စွမ်းရည်။
တစ်ညနေလုံး ငိုလွန်းအားကြီးနေတာမို့ စွဲမက်လည်း မရရအောင်ကြိုးစားပြီး သကောင့်သားလေးကို အိပ်ခိုင်းလိုက်ရသည်။
မဟုတ်ရင် ငိုသံကြီးက ပတ်ဝန်းကျင်ကိုပါအနှောက်အယှက်ပေးတော့မှာ။ စကားပြောလည်းငိုသံကြီးနဲ့မို့ ခဏလောက်အိပ်နေတာပဲကောင်းပါသည်။
အဝတ်ဗီဒိုနားသွားလိုက်တော့ အိပ်မွေ့စုတ်ဖွားနှင့်ထလာသည့်စွမ်းရည်က သူ့ကိုမြင်တော့ အလူးအလဲထလာသည်။