(Zawgyi)
ုဒီနေ့စွဲမက်ဆေးရုံဆင်းရတော့မှာမို့ စွဲမက်စိတ်ထဲလန်းဆန်းနေသည်။ ဆေးနံ့တွေနှင့်ဆေးရုံမှာ သူမနေချင်တော့ပါ။အခြေအနေကလည်းအားလုံးကောင်းနေပြီမို့ကိုစိုးက ဆေးရုံဆင်းခွင့်ပေးလာ၏။ ဆေးရုံအဝတ်အစားတွေကိုချွတ်ပြီး တီရှပ်လေးနှင့် ချည်ဘောင်းဘီအပွလေးကိုအသာ ပေါ့ပေါ့ပါးပါးဝတ်လိုက်တော့ နေတာအဆင်ပြေတာမို့ မျက်နှာလေးပါသစ်လိုက်သေး။
မွန်မွန်နှင့်ဖြိုးသက်ကတော့ စားပွဲပေါ်က ပစ္စည်းတွေကို သိမ်းဆည်းပေးပြီးရေပြင်ကတော့သူ့ဘေးနားမှာသာနေသည်။
အခုလည်း အဝတ်လဲတာကို ဘေးနားကူညီပေးနေသေး၏။
"မွန်မွန် ငါ့တို့ကိုပစ္စည်းတွေပေးလိုက် ၊ မင်းတို့ပြန်တော့လေ"
"ဟာ ကိုစွဲမက်ကလဲ မွန်မွန်တို့လိုက်ပို့ပေးပါ့မယ်"
"ရပါတယ် ၊ မင်းတို့လဲ လာလာစောင့်နေရတာပင်ပန်းတယ် ၊ နောက်ရက်ဆိုင်ဖွင့်ဖို့ကိုသာပြင်ဆင်လိုက်တော့ "
"ကိုစွဲမက်ကလဲ"
မွန်မွန်က ထပ်မပြောတော့ ၊၊ ပစ္စည်းပစ္စယတွေကိုသိမ်းဆည်းကာ ခြင်းလေးတွေကိုထားခဲ့ပေးသည်။
ပြီးမှရေပြင်က သူ့ကိုအနွေးထည်ထပ်ဝတ်စေကာ ခြင်းတောင်းလေးကိုယူရင်းအခန်းထဲမှထွက်လာခဲ့၏။
"အ၁င်ပြေတယ်မလားစွဲမက်"
"ပြေပါတယ် ငါအားလုံးကောင်းနေပြီ"
နှစ်ယောက်သားစကားတပြောပြောနှင့်ကားရှိရာကိုလာပြီး ရေပြင်ကတော့ ကားနောက်ခန်းထဲသို့ပစ္စည်းများထည့်ကာ စွဲမက်ကိုရှေ့ခန်းမှာထိုင်နေ၏။
ဂရုတစိုက်ကားတံခါးဖွင့်ပေးနေသည့် ရေပြင်ကြောင့်စွဲမက်ပြုံးရသေး။
"ငါလုပ်တတ်ပါတယ်"
"ငြိမ်ငြိမ်လေးနေပြီး ငါလုပ်ပေးတာကိုသာလက်ခံစမ်းပါ"
မျက်လုံးတစ်ဖက်မှိတ်ကာဆိုသည့်ရေပြင်။
စွဲမက်မပြုံးဘဲမနေနိုင်တော့ပါ ။
ခပ်ဟဟရယ်ရင်းသာ ကားပေါ်တက်တော့လည်း ခါးပတ်ကိုသေချာလေးပတ်ပေးသည်။