(Zawgyi)
ကားက ရက်နည်းနည်းကြာဦးမယ်ဆိုတာကြောင့်စွဲမက်ဆီက ကားကိုပဲ ယူပြီးအလုပ်သွားရတော့သည်။စွဲမက်က ဆိုင်ကို မသွားဘူးဆိုတော့ အဆင်ပြေသွားတာမို့ ရေပြင်လဲ စိတ်အေးရသည်။ ကားက ဝက်ရှော့မှာ ၂ရက်လောက်ကြာဦးမှာဖြစ်တာမို့ ဒီကြားထဲ စွဲမက်၏ ကားကိုသာ ယူမောင်းနေရသည်။
"ကိုညီရေ သူဌေးရောက်နေပြီ"
"ဟုတ်လား အစောကြီးပဲ"
အသိဝန်ထမ်းကောင်မလေး၏ စကားကြောင့်ရေပြင်အံ့သြသွားရသလို လန့်လဲလန့်သွားရသည်။
သူဌေးက အမြဲတမ်းဒီအချိန်မလာဖူးပေ။ နောက်ကျမှသာလာတတ်တာကို ဘာကြောင့်အစောကြီးလာနေရတာလဲ။
"ငါသွားလိုက်ဦးမယ်"
"ဟုတ်ဟုတ်"
ကောင်မလေးကိုပြောပြီး ရုံခန်းထဲသို့ငါဝင်လာလိုက်တော့ Boss chair မှာခပ်တည်တည်ထိုင်နေသည့် သူဌေး။
ရေပြင်အသက်ဝဝရှူရင်း ရှေ့သွားကာအရိုအသေပေးလိုက်၏။
"ကျွန်တော်ကော်ဖီဖျော်ပေးရမလားဗျ"
"နေပါစေ"
"ဟုတ်ကဲ့ "
သွား ဟုမပြောသေးတာမို့ ရေပြင်အသာရပ်နေတော့ သူဌေးက စူးစိုက်ကြည့်လာသည်။
အကဲခက်သလိုကြည့်နေသည်မို့ ရေပြင်နည်းနည်းတော့ စိတ်ပူမိသား။ သူဌေးက ဘာဖြစ်နေတာလဲမသိ။
"မင်းကိုမေးစရာရှိတယ်ရေပြင်ညီ"
"ဟုတ်ကဲ့ မေးပါဗျ"
"မင်းနဲ့အတူနေနေတာဘယ်သူလဲ"
ရေပြင် ရင်ထဲထိတ်ခနဲ့ဖြစ်သွားရ၏။ သူဌေးကသူ့အကြောင်းကိုသိသွားတာလား။ စွဲမက်ကိုသိသွားတာလား။
"ကျွန်တော့်သူငယ်ချင်းပါ"
"သြော် ဟုတ်လား ၊၊ မသိပါဘူးကွာ မင်းတို့က၂ယောက်တည်းနေတာဆိုတော့"
အထင်သေးသလိုလိုအကြည့်ကြောင့် ရေပြင်လက်သီးကတင်းခနဲ့။
အံကြိတ်ထားသော်ငြား အပြုံးမပျက် ။
"ကျွန်တော်တို့က ဟိုးအလယ်တန်းကတည်းကပေါင်းသင်းလာတဲ့သူငယ်ချင်းပါ၊ သူကမိဘမရှိပါဘူး ဆွေမျိုးလဲမရှိတာမို့ အတူတူနေရင်း အိမ်ကလဲ တစ်ယောက်တစ်ဝက်စိုက်ဝယ်ထားတာပါ။ ပြီးတော့ နောက်ထပ်သူငယ်ချင်းကလဲ အမြဲတမ်းလာပါတယ် ၊ သူကမိသားစုရှိတာမို့ ကျွန်တော်တို့နဲ့ အတူမနေတာပါ"