၁၇

2.2K 211 12
                                    

(Zawgyi)
  
ဆေးနံ့ပြင်းပြင်းတွေက နှာခေါင်းထဲဝင်လာသည်။ ခေါင်းထဲတရိပ်ရိပ်ဖြစ်နေတာမို့ ချက်ချင်းမျက်လုံးမဖွင့်ဖြစ်သေး။

ဖြည်းဖြည်းချင်းဖွင့်တော့ မသဲမကွဲကနေ ကြည်ကြည်လင်လင်မြင်ရလာ၏။

ခေါင်းကိုအသာစောင်းကြည့်တော့ဘေးနားမှာရေပြင်ကရပ်နေသည်။ ကျောခိုင်းထားသည်မို့ သူ့အားမမြင်။

"ရေပြင်"

ခပ်တိုးတိုးခေါ်သံအဆုံး ရေပြင်က တအံ့တသြလှည့်ကြည့်လာသည်။

ဘေးနားလာကာ တယုတယနှင့်စွဲမက်နဖူးကိုဖွဖွနမ်းလာတာကြောင့်ပြုံးမိပါသေးသည်။

နဖူးပေါ်ကဆံပင်လေးကိုအသာသပ်တင်ကာ လက်ခုံလေးလည်း နမ်းလာသည့်မို့ လက်လေးမြှောက်ပြလိုက်မိသည်။

"ငါ့ကိုဖက်ပါဦး"

ဟက်ခနဲ့ရယ်ကာရေပြင်က ငုံ့ကိုင်းပြီး သူ့အားဖွဖွလေးဖက်လာသည်။ ရင်နှီးသည့်ကိုယ်သင်းရနံ့လေးက သူ့အားကျီစယ်နေသည်။

"သက်သာလား"

"သက်သာတယ် ၊ ဒါနဲ့ ဘယ်တော့ဆေးရုံဆင်းရမှာလဲသိလား"

ကျောနောက်မှာခေါင်းအုံးလေးကိုခုကာ ထိုင်ရင်းနှစ်ယောက်အတူတူစကားပြောမိသည်။

အခန်းလေးက သီးသန့်ငှားထားတာမို့ အေးအေးဆေးဆေးပင်။

ရေပြင်ကတော့ သူလိုအပ်သမျှကို အားလုံးဖြည့်ဆည်းပေးသည်။ ဘေးနားကလဲမခွာ ၊ အဝတ်အစားလဲတာက အစ အသေးစိတ်လုပ်ပေးနေတော့ စွဲမက်အားလဲအားနာရပါသည်။

"အေးအေးဆေးဆေးနားလိုက်ပါဦး ၊ ကိုစိုးကငါမေးပေးမယ်"

"အင်း"

မွန်မွန်တို့ရောက်လာတော့ စွဲမက်လဲ စကားပြောပြီး စိတ်အပန်းဖြေနေမိသည်။ ဆိုင်အခြေအနေကိုမေးရင်း ပိတ်သင့်ရင်ပိတ်နိုင်ကြောင်းပြောပေမဲ့လည်း မွန်မွန်နဲ့ဖြိုးသက်ကတော့ အဆင်ပြေကြောင်းသာဆိုသည်။

သတိရခါစတော့ နာကျင်ပေမဲ့ကြာလာတော့ သက်သာလာသည်။ ကိုစိုးကလည်း အဆင်ပြေကြောင်းပြောတော့ စွဲမက်စိတ်အေးရ၏။

ENOUGH Tempat cerita menjadi hidup. Temukan sekarang