Unicode
Tomစတိုးဆိုင်ကပြန်လာပြီးခေါက်ဆွဲပြုတ်လေး ပြုတ် စားလိုက်သည်။ခေါက်ဆွဲပြုတ်က သူအတွက်ရိုးသွားတယ်လို့ မရှိဘူးး။
ဝရံနာတွင်ထိုင်ပြီးဝယ်လာတဲ့ဘီယာလေးတစ်ဗူးသောက်ကာ အတွေးများကို ရွက်လွင့်ရင်းးးး*ဟိုလူသက်သာရဲ့လားမသိဘူးသက်သာမာပါ
ငါသေချာလုပ်ပေးခဲ့တာဘဲ အဆင်ပြေမှာပါ**ဖွားဖွားကိုလွှမ်းတယ်*
ဘီယာတစ်ငုံဝင်လိုက်တိုင်း ထွက်ပေါ်လာတဲ့စိတ်ခံစားချက်အမှန်တွေ ။tomက ပုံမှန်ဆို ခံစားချက်တွေ ထုတ်မပြတတ်ဘူး ဒါဟာ ထန်းရည်မူး၍ ကျွဲခိုးပေါ်ခြင်း။
အိပ်ချင်လာတာကြောင့် အိမ်ထဲပြန်ဝင်လာပြီး
အိပ်ယာပေါ်ပြစ်လှဲလိုက်သည်။အိပ်ပျော်ကာနီး" မမေ့က ဟိုလူစိမ်း အဆင်ပြေပါ့မလားအဆင်ပြေပါစေကွာ"
ဒါဟာတော့ တစ်ခါဘဲ တွေ့ဖူးတဲ့ လူစိမ်းတစ်ယောက်ကို စိတ်ပူခြင်း ။ဒါပေမဲ့ ထိုလူစိမ်းက သူ့ကိုရင်ခုန်စေတယ်
ကွန်ပျူတာ screenပေါ်ကဒေတာ အချက်လက်တွေကို ကြည့်ရင်း ဩရဿ နူတ်ခမ်းထက်တွင် အပြုံးရေးရေးလေးဖြတ်ပြေးသွားသည်ကို
ဘေးနား မှာရှိတဲ့ဆက်ပိုင်တစ်ယောက်*Oh my gost Mr ပြုံးလိုက်တာလား*
"Mrကုမ္မဏီအဝင်အထွက် စာရင်းကျနော်စစ်ဆေးချင်တယ်"
"အင်းစစ်လိုက်ငါတို့ငွေမစစ်တာလည်းကြာပြီမလား bank accountကိုပါစစ်လိုက်"
သူတို့က ညီကိုတွေလိုပင် ။ ဆက်ပိုင်က ဩရဿက ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာကြတာ ဩရဿအတွက်တော့ ဆက်ပိုင် moonဂိုဏ်း ထိုအရာတွေက သူ့အတွက်ဒုတိယမိသားစုဆိုမမှား ။
"နေဦးကလေးရဲ့ဇာတိက"။
"သူ့ဇာတိက ယုန်ရွာပါmr"
"Omm ဟုတ်ပြီ"
"ကဲမင်းလဲသွားနားတော့
မနက်အလုပ်တွေရှိသေးတယ်မလား""ဟုတ်mr"
"အဲ့ကလေးကို ဂရုစိုက်စောင့်ကြည့်ထား"
"ဟုတ်mr"
ဆက်ပိုင်ထွက်သွားတော့မှ ဩရဿကုတင်ပေါ်လှဲကာ အိပ်ပျော်ဖို့ကြိုးစားရင်း မျက်လုံးထဲတွင်
ဟိုကလေးပုံရိပ်တွေဘဲပေါ်ပေါ်လာတယ်။
أنت تقرأ
ခေါင်းစဉ်မရှိသော (Complete)
عاطفيةဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi