" ဩရဝေ ဩနဝေ တိရိစ္ဆာန်လေးတွေကို အနိုင်မကျင့်ရဘူးဆိုပြီး မင်းတို့ကိုပါးပါးပြောထားတယ်မလား "
"ဟုတ်ပါးပါး"
သူ့ရှေ့က မျက်နှာ ဇီးရွက်လောက်ဘဲကျန်တော့တဲ့သားနှစ်ယောက်ကို ကြည့်ရင်း tom စိတ်မကောင်းသလို စိတ်လည်တို၏
အခုမှ အသက်13နှစ်သားအရွယ်ဘဲရှိသေးသည့် သူ့သားနှစ်ယောက်က ကြီးလေ သူ့ပြောစကားနားမထောင်တော့သလိုခံစားရသည်။
အခုလည်း ခြံထဲမှာ မွေးထားတဲ့ ယုန်လေးတွေကို
သေနတ်နဲ့လိုက်ပြစ်ပြီး လက်တည့်မတည့်စမ်းသည်တဲ့ ။"ပါးပါးက ယုန်တွေသေသွားလို့ စိတ်တိုနေတာလား"
သူကိုပြန်ပြီးမေးခွန်းထုတ်လာတဲ့ ဩနဝေ ကြောင့် သူသွေးတောင်တိုးချင်သည်။
"တော်တော် ဆက်မပြောတော့နဲ့ ကိုယ်အမှားကိုယ် မသိကြသေးဘူးလား ကိုယ်ဘာမှားလဲ ဆိုတာမသိသေးချင်အထိ သွားး နရံကိုမျက်နှာမူပြီး ဒူးထောက်နေချေ"
"ပါးပါး သားတို့က "
"တော် တန် တိတ် မင်းတို့က အရွယ်လေးရလာတော့ ငါ့ကိုပြန်ပြောချင်နေတဲ့ သဘောပေါ့ ဟုတ်သလား "
"အဲ့လို့မဟုတ်..... "
"ဩရဝေ !! "
"ဟုတ်ပါးပါး "
ပါးပါး ပြောတဲ့အတိုင်း ဘာမှဆက်မပြောတော့ဘဲ နရံကိုမျက်နှာ မူပြီးဒူးထောက်နေတဲ့ သားနှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချမိသည်က အကြိမ်ကြိမ် ဒီကလေးနှစ်ယောက်အခု ရက်စက်နေတတ်ခြင်းက သူ့ဖခင် ဦးဩရဿ ဆီက အမွေရလာတယ် ထင်ပါရဲ့။ ဆံပင် ညိုညိုအိအိလေးတွေသာ သူနှင့် တစ်ဦးတည်းသော တူညီမှု ကျန်တာတွေအကုန် သူ့အဖေနှင့်တူညီနေတာချည့် ပင်။
*နေပေ့စေဦး လူကြီး ခင်ဗျားလာမှ ကျနော်နှင့်တွေ့မယ်*
အိမ်ကိုပြန်မရောက်သေးသော လူကြီးအား စိတ်ထဲကနေ တေးထားလိုက်၏
ကုမ္မဏီအစည်းဝေးခန်းထဲက ဩရဿတစ်ယောက်ကတော့ ...
ဟက်ချိုးး"
ဟက်ချိုးးးး"နှာ ခဏခဏချေ နေလေရဲ့
"အအေးလည်းမမိဘဲ ဘာကြောင်ဒီလောက်နှာချေနေရသလဲ"
أنت تقرأ
ခေါင်းစဉ်မရှိသော (Complete)
عاطفيةဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi