Unicode
ထိုကလေးနှစ်ယောက်ကဘယ်သူလဲ.....?
"ဖေဖေ့ '
"ဝေ"
"ဒါဆို သွားတော့မယ်နော်"
"ဟင်ဘယ်ကိုသွားမှာလဲဒီကိုလာခဲ့လေ"
ဩရဿ မုဆိုးဒူးထောက်ထိုင်ချလိုပြီထိုကလေးနှစ်ယောက်ကိုလာခဲ့ဖို့ခေါ်လိုက်သည်။
"ခစ်ခစ် ဖေဖေက လည်း အချိန်မတန်သေးတာကို"
သူ့စကားကိုတစ်ခစ်ခစ်နဲ့ရယ်နေတဲ့ထိုကလေးနှစ်ယောက်
"ကလေးးလေးးတို့မင်းတို့ဘယ်သွားမှာလဲဖေဖေဆီလာခဲ့လေကွာ"
"ခစ်ခစ် ဖေဖေကလည်း လာခဲ့မှာစိတ်ချသွားလိုက်ဦးမယ်နော်"
ထိုကလေးလေးတွေကနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်သွားကြပြီးချာကတည်းလှည့်ထွက်သွားကြသည်။
သူနောက်က ပြေးလိုက်ပေမဲ့
မတွေ့တော့ဘူး"ကလေးလေးတို့ ဖေဖေဆီပြန်လာခဲ့လေကွာ''
ဩရဿ အော်ခေါ်နေပေမဲ့ မပေါ်လာ မျက်ရည်တွေ တဖြည်းဖြည်း ကျလာသည်။
"လူကြီးထတော့ လူကြီးးလို့ညနေစောင်းကြီး အိပ်နေတာ ဖျားလိမ့်မယ်"
ဩရဿ မျက်လုံး ဖွင့်ကြည့်လိုက်တော့သူကို စိုးရိမ်းတဲ့မျက်ဝန်းတွေနဲ့ကလေးကိုတွေ့ရသည်။
မျက်နှာပေါ်ကစိုစွတ်နေတာကြောင့်လက်နဲ့စမ်းကြည့်တော့မျက်ရည်တွေ
*ဟင် ငါတကယ် မျက်ရည်တွေကျနေတာဘဲ*
"လူကြီး "
နဖူးပေါ်ကို လက်လေးလာတင်တဲ့ကလေး
"ဟူး ငွေ့နေပါလားပြောပါတယ် ညနေစောင်းမအိပ်ပါနဲ့ဆို"
"....."
"ထ ပုစွန်ချဉ်စပ်ဟင်းချို ချက်ထာတယ်"
"ကလေးကိုယ်တိုင်ချက်တာလား"
"ဟုတ်တယ်"
"ကျစ် ကလေးကလည်းကွာတစ်ခုခုထိခိုက်ရင်ဒီကောင်ကြီးရင်ကျိုးရချည်ရဲ့"
အိပ်ယာပေါ်ကနေထိုင်းရင်း ရင်ခွင်သေးသေးလေးထဲကလေးတစ်ယောက်လို တိုးဝင်လာတဲ့လူကြီး
![](https://img.wattpad.com/cover/285561710-288-k372002.jpg)
CZYTASZ
ခေါင်းစဉ်မရှိသော (Complete)
Romansဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi