Unicode
Oh my God ဘုရားရေ ကယ်ပါ ဒီကလေးကြောင့် ငါ့နှလုံးသားလေး နိုးထလာပြီးထင်ရဲ့
"ဦးလေးကြီး ခင်ဗျား ကားဘယ်လိုမောင်းနေတာလဲ ကျုပ်ခြေထောက်နာသွားပြီး"
"ချာတိတ် ရရဲ့လား"
"မရဘူးးး ကျုပ်ကို ထူပေးဦးပြန်မထနိုင်ဘူးဗျ"
သီဟ ထိုစွာစီလေးကို လက်က နေဆွဲထူလိုက်တော့ခပ်ယိုင်ယိုင်လေးနဲ့ထလာသည်။စွာစီလေးရဲ့ လက်ကလေးက နွေးသည် ။ဘေးနားလေးမှာရှိခုံတန်းလေးပေါ် ထိုင်၏ေလိုက်သည်။
"ဘယ်နားလေးနာနေတာလည်း ချာတိတ်"
"ဒီနားလေးက "
ခြေကျင်းဝတ်ကလေးကို လက်ကလေးနဲ့ ထိုးပြလာတဲ့ ချာတိတ်ကလေး
ခုံပေါ်ကနေဆင်းပြီး မုဆိုးဒူးထောက်ထိုင်ချလိုက်တော့
"ဦးလေးကြီး ဘာဘာလုပ်တာလဲ ကျုပ်ငရဲတွေကြီးကုန်ပါမယ်"
အလန့်တကြားထအော်တဲ့ကလေးလေးက
ကြောင်ပေါက်စလေးလိုပင်"ရူး ငြိမ်ငြိမ်နေ ချာတိတ် "
သီဟ ပြောလိုက်မှ ငြိမ်ကုတ်သွားတဲ့ကြောင်ပေါက်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေသည်။
ချာတိတ်လေးရဲ့ ခြေထောက်က ရောင်တောင်နေပြီအသားဖြူသူမို့ ပိုပြီးသိသာသည်။
"ချာတိတ် ဒီနားလေးက နာတာလား"
"ဟုတ် အ့ အဲ့နားလေးမထိနဲ့"
"ချာတိတ်က အရွတ်ထိသွားတာဘဲ"
"ဟိုဘက်ခြေထောက်ရောအခြေပြေရဲ့လား
ဒဏ်ရာရသေးလား"ဒီကလေးကြောင့် သူရင်ခုန်သံတွေဟာ အခုထိမရပ်သေးပေ
"ချာတိတ်ခဏစောင့် ကိုယ်ဆေးသွားယူလိုက်ဦးမယ်"
"နေဦး ဦးလေးကြီး......"
ခွန်း စကားဆုံးအောင်နားမထောင်ဘဲချာကတည်း လှည့်ထွက်သွားတဲ့ဦးလေးကြီးကြောင့်ခွန်းကြောင်တောင်တောင်ဖြစ်မိသည်။
သီဟ ကားထဲကို ဆေးဘူးတွေ့လိုတွေ့ညား
ဟိုရှာဒီရှာ ရှာကြည့်သည်။
သို့သော်......

KAMU SEDANG MEMBACA
ခေါင်းစဉ်မရှိသော (Complete)
Romansaဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi