Ch.66-2

2.2K 112 4
                                    

Unicode

ဆက်ပိုင် ကပြားကောင်ကို တော်တော်စိတ်ဆိုးသည်။

နောက်ထပ်ဘီယာတစ်ခွက်

ခွက်ထဲက ဘီယာကုန်သွားလို့နောက်တစ်ခွက်မှာလိုက်ချင်း

ကပြားကောင်ကိုစိတ်တိုတိုနဲ့ ဘီယာသာနင်းသောက်နေလိုက်သည်။

"တစ်ယောက်ထဲလာ ဟန်နီ"

နူတ်ခမ်နီခပ်ရဲရဲဆိုးထားတဲ့မိန်းကလေးက သူဘေးနားလေးလာထိုင်သည်။

ဆက်ပိုင်ကပြားကောင်ကိုစကားအဖြစ်သာပြောခဲ့ခြင်းသူများသားသမီးကို ကိုယ့်ချစ်သူရီးစားနှင့်စိတ်ဆိုးလို့ ခဏတာအပျော်ရှာတာမျိုးလုပ်တတ်သည့်ကောင်စားထဲတွင် ဆက်ပိုင်မပါ

"ဒီမှာ အမိ ကျုပ်နဲ့ဝေးဝေးနေပါ မင်းဆီက မိတ်ကပ်နံ့တွေမခံနိုင်ဘူး"

ပေတေတေလုပ်နေတဲ့ ကောင်မလေးကို စိတ်မရှည်တော့တာကြောင့် ကားသော့ကိုသာဆွဲပြီး ဘားး အပေါ်ထပ် VVIP အထပ်ကို တက်လာလိုက်သည်။

"မင်းက ဘယ်ကကောင်လဲ"

လမ်းမှာတားဆီးလာတဲ့ ကောင်တွေကို ဆက်ပိုင်
လခြမ်းသဏ္ဌန် တံဆိတ်တစ်ခု‌ထုတ်ပြလိုက်တော့

"ရိုင်းပြမိပါပြီ အကိုလေးကြွပါဗျ"

ဆက်ပိုင် ခပ်တည်တည်နှင့် ဘီယာ တစ်ဖာနဲ့ ဘဲကင် မှာပြီး VVIP အခန်းတစ်ခုကိုယူလိုက်သည်။

ဖုန်းကိုဖွင့်လိုက်တော့ ဘားက ဝိုင်ဖိုင်နဲ့ ချိတ်မိသွားတာကြောင့် ဆက်ပိုင်ရဲ့တည်နေရာကိုတစ်စုံ‌တစ်ယောက်ထောက်လှမ်းမိသွားတာကို ဆက်ပိုင် အနည်းငယ်မူးနေတာကြောင့် သတိမထားမိလိုက်

ခဏကြာတော့ မှာထားတာတွေလာချပေးသွားသည်။

ဆက်ပိုင် ဘီယာ တစ်ဘူးပြီးတစ်ဘူးထောက်လျှောက်သောက်ပစ်လိုက်တာကြောင့်ဟန်ချက်တော့ အနည်းငယ်ပျက်စပြုလာသည်။

ရုတ်တရတ်မှန်တံခါးကနေကျော်ဝင်လာတဲ့လူလေးယောက်

"Moon ဂိုဏ်းက mrဆက်ပိုင်ဆိုတာ အခုမှဘဲ
တွေ့ဘူးတော့တယ်"

"ငါလူမသတ်ချင်ဘူးမင်းတို့ ကိုယ်လာရာလမ်းကိုသွားရင်ကောင်းမယ်"

 ခေါင်းစဉ်မရှိသော (Complete)Donde viven las historias. Descúbrelo ahora