Ch.52

2.6K 134 9
                                    

Unicode

ဘာလိုလိုနဲ့ ကျောင်းတက်ရမဲ့ရက်တောင်ရောက်လာပြီ

"လူကြီးရေ လူကြီး ကျောင်းနောက်ကျတော့မယ်မြန်မြန်လုပ်ပါဗျ"

ဩရဿ စိတ်လှုပ်ရှားမိသည် ကိုယ့်ချစ်ရသူကို ကိုယ်ကိုတိုင် ကျောင်းလိုက်ပို့ရမှာဘယ်လောက်တောင်ရင်ခုန်ဖို့ကောင်းလဲ

"ကလေးးရေ ခဏစောင့် "

"လူကြီးးး "

"၅မိနစ် ၅မိနစ်..."

ဒီနေ့ကျောင်းသွားရမဲ့ရက်လေလူကြီးကိုယ်တိုင်လိုက်ပို့မယ်ဆိုတော့ရင်တွေအရမ်းခုန်တာဘဲ

"ဟိတ် ကလေးး ကိုယ်ကို နက်ကတိုင်လေးချည်ပေးပါဦး "

အတွေးလွန်နေတာနဲ့ လူကြီးရောက်နေတာတောင်သတိမထားမိ လူကြီးအသံကြားမှ သတိဝင်လာသည်။

"အာ လူကြီးကလည်း"

လူကြီးအရပ်က ရှည်လွန်းတာကြောင့်ခြေဖျားလေးထောက်ပြီးနက်ကတိုင်လေးကို ချည်ပေးလိုက်သည်။

သူကို ခြေဖျားလေးထောက်ပြီးနက်ကတိုင်စည်းပေးနေတဲ့ကလေးငယ်ရဲ့ မျက်နှာနုနုလေးကို တယုတယ ကြည့်မိသည်။တကယ်ချစ်တယ်ဆို တန်ဖိုးထားသည်။ မြတ်နိုးသည်။ဆိုတဲ့ စကားကို အစက ယုံတမ်းစကားလို့ထင်ခဲ့ပေမဲ့ အဲ့ အချိန်တုန်းက သူမချစ်တတ်သေးလို့ ဖြစ်မည်။အခုချိန်မှာတော့ ထိုစကားတွေဟာယုံတမ်းစကားမဟုတ်။

"ပြီးသွားပြီလူကြီး"

ချည်ပေးထားတဲ့ နက်ကတိုင်လေးကို တစ်ချက်ကြည့်လိုက်ပြီးပြုံးမိသည်။

"လူကြီးသွားးရအောင် "

"ဟုတ်ပြီကလေး"

tom လွယ်အိပ်လေးကောက်လွယ် လိုက်တော့

"ကလေးမလွယ်ခဲ့နဲ့ ကလေး
ကိုယ်လွယ်ခဲ့မယ်"

စကားတွေအများကြီးပြောမနေတော့ဘဲ လူကြီးကို လွယ်အိပ်လေးကမ်းပေးလိုက်သည်။

"ကလေး ကျောင်းရောက်ရင်မတည့်တာတွေမစားနဲ့နော် "

"ခေါက်ဆွဲကြော်တို့ ကြာဇံကြော်တို့လည်းမစားနဲ့ စားချင်ရင် ကိုယ်ကိုပြော ကိုယ်ပို့ပေးမယ်"

 ခေါင်းစဉ်မရှိသော (Complete)Tempat cerita menjadi hidup. Temukan sekarang