Unicode
အခုဆို လူကြီးနဲ့ အဆက်အသွယ်မရတာ၁ပတ်ရှိသွားပြီပြောတော့ ၄ရက်တောင်မကြာဘူးတဲ့
လူကြီးကျနော်ကို လိမ်တယ်လူကြီးနဲ့ နောက်ဆုံးညမှာ ထိုင်ခဲ့ တဲ့ ချယ်ရီပင်ကိုကျောမှီထားရင်း ကိုကြီးယွမ်တို့ မသိအောင်ခိုးဝယ်ထားတဲ့ ဝိုင်လေးကိုသောက်ရင်းတစ်ဖြည်းဖြည်း ရီဝေရှဝေဖြစ်လာသည်။ဖြစ်မှာပေါ့ ဝိုင်၃ပုလင်းတောင်ကုန်ခဲ့ပြီလေဒါ၄ပုလင်းမြောက်ဘဲ" ပိစိ!!!ပိစိ ဝိုင်တွေသောက်နေတယ် "
ထိန့်လန့်စွာအော်လိုက်တဲ့မိုင်ယာအသံကြောင့်အိမ်ထဲက ပြာပြာယာယာနဲ့ပြေးထွက်လာကြတဲ့ဂိုဏ်းသားတွေ
ချယ်ရီ ပင် ကိုမှီရင်း ကြည့်တစ်ချက် သာပို့ပြီး
မျက်လုံးတွေ မှေးဆင်းသွားသည်။လက်မှာ လည်း ဒဏ်ရာများစွာနဲ့ ထိုဒဏ်တွေဟာ
ဂစ်တာ တီးလွန်းတာကြောင့် ထိခိုက်ထားတာပါ။ယွမ် မြင်ကွင်းကြောင့်သွေးတက်ချင်သည်။
"ပိစိ မသောက်တော့နဲ့"
"ဖယ် ကျွန်တော့်ကိုလာမတားနဲ့"
"ပိစိ"
" လာမအော်နဲ့ခင်ဗျားတို့ boss လုပ်တာကရောမှန်လို့လား"
ဂစ်တာ လှမ်းယူလိုက်တဲ့ လက်တစ်ဖက်ကို ဆက်ပိုင် ကလမ်းတစ်ဝက်က ဖမ်းဆုတ် ထားလိုက်သည်။
"ပိစိ တော်တောိ ဂစ်တာ ဆက် မတီးတော့ နဲ့"
"ဗြဲ ကျနော်ကို တစ်ဂိုဏ်းလုံး
ဝိုင်းအနိုင် ကျင့်နေပါတယ် ဗျို့"လျှာလေးအာလေးနဲ့ အော်နေတဲ့အသံလေးဟာ
ကလေးသံပေါက်နေသည်။"ရူးတိုးတိုးအော်ပါပိစိရယ် "
ဂိုဏ်းသားတွေ ပြာယာခတ်နေသည်။အဘယ်ကြောင့်ဆိုသော်
bossရဲ့ မဟေသီလေးကနည်းမျိုးစုံနဲ့ အနိုင်ကျင့်နေလို့ပင်
သူရဲ့ပုံစံက မာဖီယားတွေနဲ့တောင်မတူကလေးထိန်းပုံစံပေါက်နေသည်။အခုလည်းအဲ့ ပိစိလေးမူးနေလို့ သံပုရာရေ ဖျော်နေရခြင်းပင်ကိုကြီးသီဟနဲ့ သူအမျိုးသားက ထိုပိစိ စားချင်တယ်ဆိုတဲ့ တရုတ်ကြီး ဘဲကင်သွားဝယ်နေသည်။မကြီးမိုင်ယာက sea foodသွားဝယ်နေသည်။ကိုကြီး ဆက်ပိုင်းနဲ့ ယွမ်ကတော့ ပိစိကို ထိန်းနေရသည်။

YOU ARE READING
ခေါင်းစဉ်မရှိသော (Complete)
Romanceဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi