Ch.66-1

2.1K 97 5
                                    

Unicode

အခန်းထဲဝင်လာတဲ့
ကောင်ပြာကောင်ကိုဖုန်းနဲ့ပစ်ပေါက်လိုက်သည်။

"ခွေးကောင်!!လူလိမ်"

ဘလိုင်းကြီးသက်သက်မျက်နှာဆီရောက်လာတဲ့ဖုန်းကိုရှောင်ချိန်မရလိုက်တာကြောင့်နဖူးကိုထိမှန်သွားပြီးနဖူးဆီမှ သွေးအချို့စီးကျလာသည်။

"ဆက်လေးဘာဖြစ်......."

"ငါကိုလာမမေးနေနဲ့ မင်း ........ မင်းလုပ်တာမင်းပြန်ကြည့်"

ဆက်လေးအတော်ဒေါသထွက်လို့အသက်ရှုပါကြပ်လာသည်နှင့်တူသည်။

"ဆက်လေးးး ဒေါသလျှော့ပါကွာ
အရင်ဆုံးလေကို ရှုသွင်းး..."

သူခြေလှမ်းတစ်လှမ်းတိုးလိုက်တိုင်း
နောက်ကိုတစ်လှမ်းဆုတ်သွားတဲ့ဆက်လေး

"မင်းရှေ့တိုးမလာနဲ့ ...."

"ဆက်လေးဘာဖြစ်နေတာလဲကွာ
ကိုယ်မှားတယ်‌ဆိုရင်ကွာ ကိုယ်တောင်မှန်တယ်"

"အဟက်
ခွေးကောင် မင်းဘာလုပ်လဲဆိုတာ မင်းဖုန်းကို မင်းပြန်ကြည့်လေ "

ယွမ် နဖူဆီက သွေးတွေ တောက်လျှောက်ထွက်နေတဲ့ ဒဏ်ရာကိုဂရုမပြုမိ

ဆက်လေးပြစ်ပေါက်လိုက်လို မြေပြင်မှကျနေတဲ့ဖုန်းလေးကကွဲတောင်နေပြီ

ဖုန်းကိုဖွင့်လိုက်တော့ မြင်လိုက်ရတာက....

သူဂျပန်တုန်းက သူငယ်ချင်းတွေနဲ့ bar သွားရင်းရိုက်ခဲ့တဲ့ပုံ‌တစ်ပုံ အဲ့တုန်းက သူလည်းမူးနေတာမလို့ ဘာမှန်းတော့မသိခဲ့ ဒါပေမဲ့ သူပေါင်ပေါ်မှာကောင်လေးတစ်ယောက်ထိုင်နေပြီးသူလည်ပင်းကိုသိုင်းဖက်ထားပြီးနှစ်ယောက်စလုံးက နီးကပ်လွန်းလှတဲ့ပုံစံ ဒီပုံကိုဆက်လေးမြင်သွားတာဘဲ

ဖုန်း  screen ကနေမျက်စိခွာလိုက်ပြီးဆက်လေးကိုလှမ်းကြည့်တော့ နီရဲနေတဲ့မျက်လုံးတွေနဲ့သူကိုစိုက်ကြည့်နေသည်။အံကျိဆ်ထားတာကြောင့် လည်းချောင်းကျောတွေတောင်ထောင်နေသည်။
မျက်ရည်မကျအောင်ထိန်းထားတာကိုနီရဲနေတဲ့မျက်လုံးတွေကသက်သေပြလျက်။

"ဆက်လေး ကိုယ် ရှင်းပြ...."

"ဟုတ်ပြီရှင်းပြ ငါနားထောင်မယ်မင်းရဲ့ဖြေရှင်းပြချက်က ယုတ်တိတော့ရှိပါစေ
ဟက်...."

 ခေါင်းစဉ်မရှိသော (Complete)Tempat cerita menjadi hidup. Temukan sekarang