Ch.70 (Final)

6K 163 12
                                    

Unicode

ကလေးနှစ်ယောက်က
ဖေဖော်ဝါရီလ၂၆ရက်နေ့ည ၀:၁၄မိနစ်မှာမွေးသည်။နှစ်ယောက်စလုံးက တနင်္လာသားလေးတွေ။ကလေးတွေဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ပြည့်သည်ထင်ရဲ့ တစ်ဆေးရုံလုံးရဲ့ သဲသဲလှုပ်အချစ်ကို ခံရတယ်။ ဆရာဝန် နတ်စ်မတွေရဲ့ပါးစပ်ဖျားမှာ ကလေးလေးနှစ်ယောက်အကြောင်းကလွင့်ပြယ်လျက်

ဩရဿ သူ့ကလေးလေးတွေကိုကြည့်လို့မဝ
သားလေးတွေရဲ့ မျက်လုံးလေးတွေ နူတ်ခမ်းလေး‌တွေ ကသူနဲ့တူတယ် နှာခေါင်းလေးက ကလေးနဲ့တူတယ်။ပြီးတော့ ပါးပြင်ပေါ်မှာမှဲ့လေးတွေက သိသာ ထင်ရှားစွာ ။မှဲနီလေးက ငြိမ်သလောက် မှဲ့နက်လေးက ဂျီကျချင်တယ် တစ်ချက်ချက် ထထငိုသည်။
မှဲ့နီလေးက မှဲ့နက်လေးထက် ၆ မိနစ် ကြီးတယ်။
ကုတင်ပေါ်မှာ tomကတော့ သားအဖတွေကိုကြည့်ပြီးပီတိဖြာနေလေရဲ့။ သားလေးတွေကညသူတွေခဲ့တဲ့ကလေးတွေဆိုတာ ပါးပေါ်က မှဲ့လေးတွေကသက်သေပြနေတယ်မလား။

"ကလေးလေး ကိုယ့်ကလေးလေး ပင်ပန်းသွားပြီ "

"ရပါတယ် လူကြီရဲ့"

"သားလေးတွေကို နာမည် ဘယ်လိုပေးမလဲ"

"ဩရဝေနဲ့ ဩနဝေ
မှဲ့နီလေးကို ဩရဝေလို့ခေါ်မယ်
မှဲ့နက်လေးကို ဩနဝေလို့ခေါ်မယ်"

"ဟုတ်ပါပြီဗျာ"

ခဏကြာတော့ ဆက်ပိုင်ရယ်မိုင်ယာနဲ့ ခွန်းငယ် အခန်းထဲဝင်လာတယ်။ အခန်းထဲက (၄)ယောက်ဝင်လို့မရတာ။

"ကလေးတွေက ချစ်စရာလေးတွေကိုကြီး tom "

ခွန်းလေးက တွေကိုကြည့်ရင်း
ဆက်ပိုင်ကတော့ မျက်ရည်တွေတောင်ဝဲနေလေပြီ ။ မိုင်ယာကတော့ ပါးစပ်ကြီးနာတက်ချိတ်တော့မဲ့အတိုင်း ပြုံးဖြီးလို့

"ကိုကြီးဩရဿ ဦးတို့က ဆေးရုံဆင်းမှဘဲတွေ့တော့မယ်တဲ့"

"ဟုတ်ပါပြီဗျ"

ကလေးနှစ်ယောက်စလုံးဟာအရမ်းချစ်ဖို့ကောင်းတယ် ။ ဆူညံ့သံတွေကြောင့်နိုးလာတဲ့မှဲ့နီလေးက မိုင်ယာကိုတွေ့တော့ရီပြလေသည်။

ထိုကလေးလေးရဲ့အပြုံးကြောင့် ထိုအခန်းထဲကနေရီသံသဲ့သဲ့ဟာ ပြန့်လွင့်လာတော့သည်။
ထိုရီမောသံတွေထဲမှာ နွေးထွေးမှုတွေ၊ကြင်နာမှုတွေပါဝင်နေတော့တယ်။

 ခေါင်းစဉ်မရှိသော (Complete)Donde viven las historias. Descúbrelo ahora