Unicode
ဒီနေ့ကပြာကောင်ရိုးတော့မရိုးဘူးကျွန်တော်ကို
အလိုလိုက်လွန်းအားကြီးနေတယ် အရင်ကတစ်ခုခုဆို ကျွန်တော် ကိုဖြဲခြောက်နေတဲ့ ကပြားကောင်ကဘယ်ရောက်သွားတာလည်း အခုရောက်နေတဲ့တစ်ယောက်က ကပြားကောင်အတုများလား ဓာတ်ရှင် (ရုပ်ရှင် )တွေထဲကလိုများ တစ်ယောက်ယောက်က လူစားထိုးထားတာလား ဆိုတဲ့ပေါက်တကရ အတွေးတွေကိုတစ်စုံတစ်ယောက်ကတော့ တွေးနေလေရဲ့"ဆက်လေးခဏစောင့်နော်ကိုယ်ကြော်လိုက်ဦးမယ်နော်"
"Ommm"
ကပြားကောင် ကြက်ကြော်နေတုန်း
ဆက်ပိုင်သူရှေ့က မသောက်ရသေးတဲ့
ကပြားကောင်ဖျော်ပေးထားတဲ့
သံပုရာရည်ကို တစ်ကျိုက်တည်းနဲ့
ကုန်အောင်သောက်လိုက်သည်။ကြက်ကြော်နံ့က တစ်ဖြည်းဖြည်းမွှေးလာသည်။
ရှေ့က ဖူဂျီမမိုင်ယာကို ကြည့်မိတော့
နှာခေါင်းတစ်ရှုတ့်ရှုတ်ဖြစ်နေပြီး
ဆက်ပိုင် စိတ်ထဲမှာတော့**မေ့သာမေ့နေတာ ကြက်ကြော်နံ့ကျသိတယ်ဟ
အနံ့ခံနေပြီဆိုတော့ မကြာခင်တော့သတိရလာတော့မယ်**မိုင်ယာ သူကျူးကျော်သူတွေကိုခံပြစ်ရင် သတိလွှတ်သွားလို့ ဒဏ်ရာရသွားသည်။ နောက်တော့ ဟိုလင်လင်နှစ်ယောက်ကိုမြင်ပြီးတော့ သူလောကကြီးအမှောင်ကျသွားသည်။အခုသူလောကကြီးက ကြက်ကြော်နံ့လေးကြောင့် ဘလင်းဘလင်းဖြစ်သွားသည်။
"နိုးပြီလားဖူဂျီမမ"
"Ommmကြက်ကြော်နံ့မွှေးသလားလို့"
"ဟုတယ် ကပြားကောင်ကို ကြက်သားကြော်ခိုင်းထားတာ"
"Ommm"
"ဖူဂျီနင်တစ်ခုခုများမေ့နေသလားလို့"
"ငါကဘာမေ့လို့လဲ"
"စဉ်းစား"
"မိုင်ယာတွေဝေသွားသည်။ဘာမေ့နေတာလဲ ။ ဘာမှမမေ့ပါဘူးဆက်ပိုင်ရဲ့""
"ပိစိ ပိစိလေးကိုနင် ဘယ်နားသွားထားနေတာလဲ
အစားသောက်နဲဆို လူပါမေ့တယ်""ပိစိ ပိစိရော ဆက်ပိုင်"
"Mr အခန်ထဲမယ်"
"Awwပိစိလေးဘေးကင်းလို့တော်ပါသေးတယ်"
VOCÊ ESTÁ LENDO
ခေါင်းစဉ်မရှိသော (Complete)
Romanceဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi