Ch.58

2.1K 109 3
                                    

Unicode

Tom မနက် အိပ်ယာ နိုးလာတော့ဘေးမှာ လူကြီးမရှိတော့။အိပ်ယာကိုစမ်းကြည့်လိုက်တော့ ပကတိအတိုင်းအေးစက်နေသည်။ဒါဆိုလူကြီး သွားတာ ကြားပြီး ဘဲလို့ မှတ်ယူလိုက်ပြီးလေးဖင့်တဲ့ ခြေလှမ်းတွေနှင့်ရေချိုးခန်းဆီသာ မျက်နှာသစ်ရန် ဦးတည်လိုက်သည်။ဘေစင်ပေါ်က လူကြီးရဲ့ သွားတိုက်တံလေးကို ကြည့်ရင်းအတူ မျက်နှာသစ်ခဲ့တဲ့ အချိန်တွေကိုသတိရမိပြီး မျက်ရေဝဲလာသည် Tom. အမှန်တရားတစ်ခုကို သိလိုက်ရသည်။
အဲ့ဒါက

လူကြီးမရှိရင် သူမနေတတ်ဘူး

Tom သူပုံစံကို သူကြည့်ပြီရီချင်မိသည်။။လူကြီးနဲ့ခွဲတာ တစ်ရက်တောင်မပြည့်သေးဘူးလွမ်းနေပြီကျန်သေးတဲ့ ၃ရက်ကို သူဘယ်လိုခရီးဆက်မလဲ

အတွေးတွေကို ဘေးဘယ်လိုက်ပြီးမျက်နှာမြန်မြန်သစ်ပြီးတော့ အနည်းငယ်ရှည်နေတဲ့ ဆံပင်လေးကို စီးထားလိုက်ပြီးအောက်ထပ်ကိုသာ ဆင်းခဲ့လိုက်သည်။မမမိုင်လေး ပြန်ရောက်နေတာဘဲ

"ပိစိ နိုးပြီလားမမ ပိစိအကြိုက် ကော်ဖီနွေးနွေးလေးနဲ့ နို့ကိတ်လေးဖုတ်ထားတယ်"

"မမမိုင်လေးပြန်ရောက်နေတာလား"

"ဟုတ်တယ် ပိစိရေပိစိလေးကို စိတ်မချလို့ ပြန်လာတာ"

"ဟုတ်"

မိုင်ယာ ဒိကလေးက ချစ်မွှေးလေးသူတောင် ဒီလောက်ချစ်နေတာ boss ဆို ဘယ်လောက် ချစ်လိုက်မလဲ

ကော်ဖီနွေးနွေးလေးနဲ့ ကိတ်မုန့်လေးကို လှုပ်စိလှုပ်စိနှင့်စားနေတာ ပိစိလေးကငြိမ်ကုတ်နေသည်။သူ့အထင် ပိစိလေးbossကို သတိရနေသည် ထင်သည်။ပိစိလေးအာရုံပြောင်းဖို့ သူတစ်ခုခုတော့ လုပ်ရတော့မည် ။

"Awww စားတောင် စားနေကြပြီလား"

အသံလာရာကြည့်လိုက်တော့ကိုကြီးသီဟနဲ့ ခွန်းလေး

ခွန်းလေးကတော့ နွေးထွေးစွာ သူဘေးမှာ လာထိုင်သည်။

"ဘယ်တုန်းက ပြန်ရောက်တာလဲခွန်းလေးရဲ့"

"ညက ဘဲ ပြန်ရောက်တာ"

စကားအဆုဲမှာ tomဖော်ရွေစွာ ပြန်ပြုံးပြလိုက်ပြီးခေါင်းလေး တစ်ဆက်ဆက်ငြိမ့်ပြလိုက်သည်။စားပွဲဝိုင်လေးက တစ်ဖန် ပြန်ပြီးတိတ်ဆိတ်သွားသည်။

 ခေါင်းစဉ်မရှိသော (Complete)Tempat cerita menjadi hidup. Temukan sekarang