Ch.69

2.9K 145 18
                                    

Unicode

ဒီနေ့နဲ့ဆိုရင် ကလေးမေ့နေခဲ့တာ 3လတောင်ရှိပြီ
ကလေးကို ဆေးရုံးကနေအိမ်ကိုဘဲပြန်ခေါ်ခဲ့လိုက်သည်။
ဗိုက်သေးသေးလေးက မသိမသာလေးပူထွက်လာလေပြီ
မနက်မိုးလင်းလို့ ကလေးနဖူးလေးကို အနမ်းလေးပေးပြီး ဗိုက်ပူလေးကို အနမ်းပေးရတာ သူရဲ့ နေ့စဉ်အလုပ်တစ်ခု။
3လတိတိ နူတ်ခမ်းမွေးရိတ်တာ ဆံပင်ညှပ်တာမရှိတာမလို့ ဆံပင်တွေလည်းကုတ်တောက်နေပြီး စီးထားရသည်။ ကလေးမေ့နေစဉ် 3လလုံး
ဩရဿ ကုမ္မဏီလည်းမသွားတော့သလို ဂိုဏ်းဆီလည်းမသွား 24နာရီလုံး ကလေး အနားမှာ
ထိုင်ပြီး ကလေးကြိုက်တဲ့စာအုပ်လေးတွေဖတ်ပြလိုက် စကားတွေပြောလိုက်နှင့် အရူးကြီးတစ်ယောက်လိုပင် အိပ်ရေးဝစွားမအိပ်ထားတာကြောင့်မျက်ကွင်းတွေက ညှိုမဲလျက်။ အခုပုံစံက ဩရဿ လားလို့တောင် မေးယူလောက်အောင်ပင်။Tom နိုးလာရင်စားဖို့ tomကြိုက်တဲ့ ဟင်းလေးတွေကို ထမင်းပျော့ပျော့လေးနဲ့ ချက်ထားတာက 3လလုံးလုံးမပျက်ကွက်။
သူတကယ်ရူးသွပ်သွားတာပါ။

"ကလေးထတော့လေကွာ
ကလေးရဲ့ ကြယ်လေးလိုလက်နေတဲ့မျက်လုံးလေးတွေကို ကိုယ်မြင်ချင်နေပြီကွာ"

ကလေး လက်သေးသေးကိုဆုတ်ကိုင်ရင်း

"Boss ဆေးသောက်ရမယ့်အချိန်ရောက်ပါပြီ"

"အင်း"

ဩရဿ ရဲ့ dark sideပြန်ပေါ်လာတာကြောင့်
စိတ်ပြန်မဖောက်အောင်ဆေးပြန်‌ေသာက်နေရတာက tomလေးစဖြစ်တဲ့နေကတည်းကပေါ့။
ယွမ် boss ကိုကြည့်ရင်း ခေါင်းသာ ရမ်းမိသည်။
Bossက အချစ်အရမ်းကြီးတာဘဲ

ဩရဿ ကလေးလေးရဲ့ ကုတင်ဘေးက ကပ်ရပ်ကုတင်ပေါ်ဝင်လှဲလိုက်ရင် ခဏအကြာမှာတော့ အိပ်ပျော်သွားသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<<<<<<<<<

Tom ကလေးတွေနဲ့ဆော့လို့မော သွားသည်မို့ သစ်ပင်အောက်မှာ အမောဖြေနေကြတယ်

"ဖေဖေ ငါးဖမ်းမလား"

"အေးဖမ်းတာပေါ့ကွာ"

ကလေးလေးနှစ်ယောက်ထဲက တစ်ယောက်က သွက်သွက်လက်လက်လေး နောက်တစ်ယောက်ပုံစံက အေးတိအေးစက်လေး။နှစ်ယောက်စလုံးက ချစ်စရာပါးဖောင်းဖောင်းလေးတွေ။နှစ်ယောက်စလုံးက ရုပ်ချင်းအရမ်းတူနေတာမလို့ ပါးလေးတွေပေါ်မှာ ပါလာတဲ့ မှည့်လေးနဲ့ခွဲပြီးအမည်သေးသေးလေးတွေပေးထားသည်။
သွက်သွက်လက်လက်ဖြစ်တဲ့ကလေးလေးရဲ့ပါးပေါ်မှာကျတော့ မှည့်နက်လေး။ အေးအေးလေးနေတတ်ကလေးလေးရဲ့ပါးပေါ်မှာကမှဲ့နီလေး ။တူညီတဲ့အချက်လေးကမှဲ့လေးတွေက နှစ်ယောက်စလုံးရဲ့ ညာဘက်ပါးပြင်ပေါ်မှာရှိနေတာဘဲ

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now