Ch.46

3K 142 1
                                    

Unicode

"ကပြားကောင် မင်းကိုငါချစ်တယ်"

"ဟမ်ဆက်လေး ဆက်လေးဘယ်လိုပြောလိုက်တယ်တယ်"

"ဘာလဲ မယုံဘူးလား"

"မ မဟုတ်ပါဘူးကိုယ်က ဆက်လေးကို ယုံပါတယ်"

"တော်ပြီကွာ ကပြားကောင်ငါကိုအောက်ချပေးတော့ကိုယ်ကိုမယုံကြည်တဲ့လူရဲ့လက်ပေါ်မှာနေချင်ဘူးချပေး ချပေးပါဆို"

လက်ထဲကနေ့ အတင်ရုန်းကန်နေတဲ့ ကိုယ့်ရဲ့ အမူးသမားလေးက ချစ်စရာလေးပါ

"ကပြားကောင် ကပြားကောင်လို့ဗြဲ လူကိုအနိုင်ကျင့်နေပါတယ် ဗျို့"

ဆက်လေးရဲ့ အသံကြားမှယွမ် လက်ရှိတွေးနေတဲ့အတွေးများဟာဘဲပျောက် ကြက်ပျောက် ပျောက်ကုန်သည်။

"ဟောဗျာကိုယ်က ဘာအနိုင်ကျင့်လို့လဲ ဆက်လေးရဲ့"

"မသိဘူးးမသိဘူးးးလူကို အနိုင်ကျင့်နေပါတယ်ဗျို့"

ဟောကြည့်ကျနော်ရဲ့အမူးသမားလေးကအသံအကျယ်ကြီးနဲ အော်နေပြန်ပြီဆက်လေးက ကိုယ့်မျက်လုံးထဲမှာ ကလေးတစ်ယောက်လိုဘဲဆက်လေးက ဘဲ ကလေးဆန်နေတာလားကျွန်‌တော်ကဘဲ ရင့်ကျက်လွန်နေတာလား

"ကပြားကောင် ငါကိုကျောပိုး"

"ကျောပိုးရမှာလား"

"ဟောကြည့်မေးပြန်ပြီ"

"ဟုတ်ပါပြီ လာ ခဏဆင်း"

ရင်ခွင်ထဲက ဆက်လေးကို‌ခဏ အောက်ကိုဆင်းခိုင်းလိုက်ပြီးကျောပိုးလိုက်သည်။

"Go go go go......"

ယွမ်အိမ်တော်ထဲရောက်တော့ ကျောပေါ်က
ငမူးလေးက ငြိမ်နေပြီအိပ်ပျော်သွားပြီထင်တယ်

အခန်ထဲရောက်တော့ ကျောပေါ်က ငမူးလေးကို
မွေ့ယာပေါ်အသာလေးချပေးလိုက်သည်။။
ငမူးလေးကိုအင်္ကျီလည်းပေးဖို့ပြင်ရပြန်သည်။ မဟုတ်ရင် လေဖြတ်သွားနိုင်တယ်လေ။

အင်္ကျီကြယ်သီလေးတွေကို ဖြုတ်လိုက်တော့ ထင်းကတည်းပေါ်လာတဲ့ ရင်ဘက်ဖြူဖြူလေးကြောင့်ယွမ်ခန္ဓာကိုယ်ထဲကသွေးတွေပြောင်းပြန်စီးဆင်းသွားသည့်အလား။ဘောင်ဘီလေးချွတ်လိုက်ချိန်မှာတော့ပေါ်လာတဲ့ ပေါင်တံ့ဖွေးဖွေးကြောင့်ယွမ်နှာခေါင်းသွေးတောင်လျှံကျချင်သည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now