Unicode
ကလေးလေးနဲ့ဂျပန်မှာ လျှောက်လည်ရင်းနဲ့ ၁လကျော်ကျော်လောက်ချစ်ရသူလေးနဲ့လေနှင်ရာရွက်လှေလိုလျှောက်သွားရတဲ့ခံစားချက်က
ဘာနဲ့မှလဲမရနိုင်။ကလေးက ဂျပန်ရောက်ကာစကသူကိုစိတ်ဆိုးနေတာလေယာဉ်ပျံပေါ်မှာနည်းနည်းအချစ်ကြမ်းသွားလို့လေ
ဩရဿ သူအတွေးကိုသူသဘောကျရင်းပြုံးနေမိသည်။ သူအကုန်လုံးကိုပြစ်ထားခဲ့ပြီး
ကလေးနဲ့ခြေဦးတည့်ရာရှောက်သွားချင်သည်။ဘယ်အရာကိုမှသူမမက်မောပါကလေးသာသူ့အနားရှိရင်ရပြီ။"လူကြီးးး"
"..............."
"လူကြီးးးးး"
"..............."
"ဦးးဩရဿ"
"ဟင်"
Tomလူကြီးကိုခေါ်နေတာကြာလှနေပြီ။
ပြုံးဖီးနေပြီး စကားမပြန်လာလို့ နမည်အပြည့်စုံခေါ်လိုက်တော့မှ သတိကပ်လာတဲ့လူကြီးးး
ဘယ်ကောင်မလေးအကြောင်းတွေးးနေတာလဲမသီဘူးး ဟွန့်"သွားရအောင် လေယာဉ်ချိန်နီးနေပြီ"
ကလေးက ကိုယ်တစ်ခေါက်ကိုယ်ပိုင်လေယာဉ်ပေါ်က အချစ်ဇာတ်လမ်းလေးကြောင့် အခုအပြန်ခရီးကိုရိုးရိုးသာမာန်လေယာဉ်နဲ့ဘဲပြန်မယ်တဲ့။
ဘာဘဲဖြစ်ဖြစ်ကလေးသဘော
"ဦးဩရဿ"
"ဟာကလေးလေး ကိုယ်ကို အဲ့လိုကြီးမခေါ်ပါနဲ့ကိုယ်အခုမှ ၂၉ နှစ်ဘဲရှိသေးတာကို"
ကလေးနစ်ယောက်လို ခါးဖက်ပြီးလာချွဲတဲ့လူကြီးက တကယ်ကို ကလေးလိုမျိုးပင်။
"ကဲ ချွဲချင်နောက်မှ ချွဲပါလူကြီးရယ်
လောလောဆယ်သွားရအောင် မမှီဘဲနေပါလိမ့်မယ်"ကလေးက သူထက်အရပ်ပုတော့
ကတင်ပေါ်က နေမတ်တပ်ရပ်ပြီး
လည်ပင်းကိုမာဖလာလေးလာပတ်ပေးပြီးတော့
ပွစိပွစိပြောနေတဲ့ထိုကလေးလေးက အဘိုးကြီးအိုပေါက်စလေးအလားပင်။ပြွတ်!!!!!
ထိုနူတ်ခမ်းဖူးဖူးကိုနမ်းလိုက်တော့
"ဂါးအဖိုးကြီးခင်ဗျားဘာဖြစ်ချင်နေတာလဲ"
"ကလေးနဲ့ ဖြစ်ချင်နေတာလေ"
![](https://img.wattpad.com/cover/285561710-288-k372002.jpg)
ESTÁS LEYENDO
ခေါင်းစဉ်မရှိသော (Complete)
Romanceဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Zawgyi