(Unicode )
"ဘယ်လိုလဲဆိမ့်လား"
ထယ်ယောင်းရဲ့စကားကိုဂျောင်ကုမှာဘယ်လိုမှမတုံ့ပြန်နိုင်အားသေး..။တအုအု တအအအော်ရင်း ညီတော်ဂျွန်ရွှေပန်းလေးအား လက်ဖြင့်ကာထားနေမိသည်..။
ထယ်ယောင်းကတော့ထိုအခြေနေကိုအားရပါးရကြည့်ကာရှုပ်ပွသွားသောသူ့ဆံပင်ကိုပြန်သပ်လိုက်ရင်း နှုတ်ခမ်းတွန့်တစ်ချက်ပြုံးကာထွက်သွားတော့သည်...။
ခဏနေတော့ ဂျောင်ကုလဲ သက်သာသွားသည်မို့ မိမိနေရာတွင်ပြန်ထိုင်ကာ သူ့ကိုဆော် ဆော်သွားသော ကင်မ်ထယ်ယောင်းအကြောင်းကိုတွေးမိတော့ သဘောကျသလိုရယ်မိပြန်သည်။
တကယ်မလွယ်ဘူး..သူကိုယ်တိုင်ကလဲအဲ့လိုမလွယ်တာကိုသဘောကျတာ...။
ဂျောင်ကုသဘောကျဖြစ်နေတုန်း ဝင်လာသောဖုန်းမြည်သံကြောင့် အတွေးတွေလွှင့်ပျယ်သွားရသည်..။မသိသောဖုန်းစိမ်းဖြစ်တာကြောင့် သူမျက်ခုံးတွေတွန့်ချိုးခနဲ..။
"Hello"
"ဂျွန် လား"
"ဘယ်သူလဲ"
"ကိုယ့်သတို့သမီးလောင်းအသံကိုတော့မေ့သွားပြီလို့မပြောနဲ့နော် ဂျွန်"
.
.
."ဒေါက် ဒေါက် ဒေါက် ဒေါက်"
၆လက်မဒေါက်အားတဒေါက်ဒေါက်မြည်အောင်လမ်းလျှောက်လာသောခြေတံသွယ်...။
ကိုယ်ကြပ် dress ပေါင်တိုလောက်ကိုအပေါ်က ကုတ်ဖြင့်ထပ်ကာ ရုံးခန်းထဲအထိနေကာမျက်မှန်ဖြင့်ဝင်လာသောမိန်းကလေးတစ်ယောက်ဟာ ရုံးခန်းအတွင်းရှိ လူတွေအားလုံးရဲ့အာရုံကိုဖမ်းစားသွားခဲ့သည်..။
ဘယ်သူလဲ..ဘယ်ဝါလဲဟူသောမေးခွန်းတွေကိုသူတို့တွေခေါင်းချင်းဆိုင်မေးနေပေမဲ့ ထိုအမျိုးသမီးကတော့ သူတို့ရဲ့မန်နေဂျင်းအခန်းထဲဝင်သွားတော့မှ ဟာ ခနဲ ဟင်ခနဲ ဖြစ်သွားကြသည်..။
သူတို့မန်နေဂျင်းဆီ အမျိုးသမီးပေါင်းများစွာလာပေမဲ့ အခုလိုကျက်သရေအပေါင်းနဲ့ပြည့်စုံပြီးအထက်တန်းလွှာထဲက မိန်းကလေးမျိုးတော့တကယ်မတွေ့မိပါ..။