(Unicode)
"ကလေးတွေကိုတွေ့ချင်လား"
ဂျောင်ကုရဲ့မေးခွန်းကိုသူနားမလည်နိုင်ဖြစ်နေခဲ့ပြီးမှ တစ်စတစ်စဖြင့် သဘောပေါက်လာတဲ့အခါမှာတော့ သူ စိုးရိမ်တာထက် စာနာစိတ်မရှိသောဂျောင်ကုအပေါ် ခါးသီးခြင်းတွေဖြစ်ပေါ်လာခဲ့သည်။
"မင်း!"
"ကပွဲကိုလက်ခံ-"
!ခွပ်!!
"ငါ့ကလေးတွေဘယ်မှာလဲ..?"
"ပြောပြီးပြီးလေ ပါတီကို-"
ဂျောင်ကုရဲ့စကားတောင်အဆုံးမသတ်လိုက်ရ..ထယ်ယောင်းရဲ့ဒေါသလက်သီးတွေကဂျောင်ကုဆီကို တရစပ် ရောက်သွားခဲ့သည်။
ငြိမ်ခံနေတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းလဲ မရပ်နားပါ...။ဂျောင်ကုကို မြေပြင်ပေါ်တွန်းချကာ ခွလိုက်ရင်း လမ်းမ လယ်ခေါင်တောင်မသိတော့ပဲ ထိုးနေမိသည်။"ငါ့ကလေး...ငါ့ကလေးတွေသာတစ်ခုခုဖြစ်လို့ကတော့...မင်းကိုအရှင်ထားမယ်မထင်နဲ့နော် ဂျွန်ဂျောင်ကု..ငါလူမသတ်ရဲပေမဲ့တော့ မင်းတော့သတ်ရဲတယ်...ဘယ်မှာလဲ ငါ့ကလေးတွေ..."
"ကျစ်...ဘေဘီရာ ကလေးတွေကကောင်းကောင်းမွန်မွန် ရှိနေတယ် ဘေဘီကသာ..."
"ဘောကိုဘေဘီလိုက် ဘယ်မှာလဲ ငါ့ကလေးတွေ"
ဂျောင်ကုရဲ့ လည်ပင်းကော်လံအားဆွဲကာပြောလိုက်တော့ မထုံသထေးပုံစံဖြင့် ဘာမှမပြော...အခုလေးတင်ထိုးထားတာကြောင့် မျက်နှာက နီရဲကာညိုမဲစွဲလေချေသည်။ထယ်ယောင်းထပ်ထိုးမိတာလျှင် ဂျောင်ကု တကယ်ပင်သေတော့မည်။
"မင်းမပြောဘူးပေါ့လေ...ရတယ်"
အံကြိတ်ကာ ထယ်ယောင်း ပြောလိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တွေ့လိုက်ရသော အုတ်နီခဲ...။ထ ယူလိုက်ကာပင် ဂျောင်ကုမျက်နှာတည့်တည့်ရွယ်ကာ...။
"မင်းကလေးတွေဆီ လိုက်ပို့မှာလား မပို့ဘူးလား..မပို့ရင် ငါတကယ်ချမှာနော် ဂျွန်ဂျောင်ကု!!"
"ဘေဘီ စိတ်ခဏလျော့-"
"မလျော့နိုင်ဘူး!!!!"
လက်ထဲက အုတ်နီခဲအား ပစ်ချလိုက်ကာပြောလိုက်တော့ ဂျောင်ကု ကိုယ်လေး တစ်ချက်တွန့်သွားရသည်။