(Unicode)
လေးရက်တောင်မေ့မျောနေခဲ့တယ်ဆိုကထဲက ထယ်ယောင်း မိမိကိုယ်ကိုယ်ကို ဘယ်လောက်တောင် အားနည်းသွားလဲဟု တွေးမိပြန်သည်။
တစ်ချိန်ထဲမှာပင် ထိုသို့အားနည်းအောင်လုပ်ခဲ့သော ဂျွန်ဂျောင်ကုကိုဘယ်လိုအပြစ်စကားပင်ဆိုရမလဲတောင်မစဥ်းစားနိုင်လောက်အောင်ဖြစ်သွားခဲ့သည်။
"အခုတော့သက်သာလာပြီဆိုပေမဲ့ ညတစ်ချက်လောက်နေလိုက်ပြီး မနက်ဖန်မှ ဆေးရုံကဆင်းလိုက်ပါ။သူဌေးဂျွန်ကိုလဲ ဖုန်းဆက်ထားပါတယ် မနက်ဖြန်လောက်သူပြန်ရောက်မယ်တဲ့"
"ပြန်ရောက်မယ်ဆိုတာက ဘာကိုလဲဆရာ"
"ကင်မ်ထယ်ယောင်းကိုလာပို့တဲ့ညကပဲ ပေကျင်းကို ချက်ချင်းအလုပ်ကိစ္စနဲ့သွားရမယ်ပြောတယ်။သူသွားပေမဲ့လည်း ကင်မ်ထယ်ယောင်းအတွက် အစစအရာရာအကုန်လုပ်ပေးခဲ့ပါတယ်..ကဲ ဒါဆိုနားလိုက်ပါဦး"
အခွင့်ထူးခံလူတန်းစားလိုပင် ထယ်ယောင်းအား ခါးငုံ့အရိုသေပေးကာထွက်သွားသော ထိုဆရာဝန်များ။
Knock knock..
အခုလေးတင်ထွက်သွားသော ဆရာဝန်တွေကြောင့် တံခါးထပ်ခေါက်တာဘယ်သူများလဲဟုသူတွေးလိုက်မိသည်။
အရေးတယူလာအကြောင်းမေးမဲ့သူမရှိတာကြောင့်ရုံးကလူတွေများလားတွေးမိတော့သူလန့်သွားရသည်။သိသွားခဲ့တာလား သူဟာ ဂျွန်ဂျောင်ကုရဲ့ အသုံးတော်ခံ ဆိုတာကိုလေ...။
ထိုသို့တွေးမိတော့ထယ်ယောင်းစိတ်ထဲ ရှက်ရွံမှုက လှိုက်ခနဲတက်လာသည်...။
Knock... knock
" N..Nae"
ထပ်ကြားရသော တံခါးခေါက်သံကြောင့် ထယ်ယောင်း ပေးမဝင်လို့လဲမကောင်းတာကြောင့် အသံပေးလိုက်တော့ ဝင်လာသူက ဟိုတစ်နေ့ကတွေ့လိုက်ရသော ဂျောင်ကုဆီလာခဲ့သောမိန်းကလေး...။
သူခဏတော့စဉ်းစားမိသွားသည်။ဒီမိန်းကလေးနဲ့သူဟာ ဘယ်တုန်းကမှ စကားလဲမပြောဖူးသလို မျက်လုံးချင်းတောင်မဆိုင်ခဲ့။ဒါပေမဲ့ ဘာကြောင့်ဒီမိန်းကလေးက သူ့ဆီလာခဲ့ရတာလဲ..သူဒီမှာရှိတာရောဘယ်လိုသိသွားတာလဲ..။