(Unicode)
"အ အမေ..."
"ငါ့ ငါ့ကိုပြော ဟုတ်လား"
မောဟိုက်နေပုံရပေမဲ့လည်း အမေက အတင်းတွေ မေးနေခဲ့သည်။ဒီကိစ္စတွေ ဘယ်လိုသိသွားလဲဆိုတာထက် အခုချိန်မှာ အရေးကြီးဆုံးက အမေ့နှလုံးရောဂါဖြစ်တာကြောင့် ထယ်ယောင်း အမေ့ကိုသာဖြောင်းဖျဖို့ကြိုးစားတော့သည်။
"အမေ အဲ့ဒါခဏထားပါ အခုအရေးကြီးတာ အမေ့ရဲ့"
" ကင်မ် ကင်မ်ထယ်ယောင်း..အဲ့ဒါ ဟုတ်တယ်ဆိုတဲ့အဓိပ္ပါယ် အဓိပ္ပါယ်လား"
"အဒေါ် ခဏလောက်နားပါဦးလား ဆရာဝန်လာလို့စကားပြောနေတာတွေ့ရင်"
" နင် နင် ငါ့ကို ငါ့ကို စကားလာမပြောနဲ့"
သူဖြောင်းဖျတာမရလို့ ဂျောင်ကုကပါ ဝင်ဖြောင်းဖျတော့ ဂျောင်ကုအား ဒေါသထွက်ကာ အမေကပြောဆိုလုပ်သည်။ကံကောင်းသည်ဟုပဲပြောရမယ်။ဝမ်လေးနဲ့ အတူ ဆရာဝန်တွေကဝင်လာတော့မှ သူနဲ့ ဂျောင်ကု ဟာ အနောက်ကိုရောက်သွားခဲ့သည်။
အမေ့အားစိုးရိမ်စွာ ကြည့်နေတုန်း သူ့ကိုစိုက်ကြည့်လာသလိုခံစားရတာမို့ လှည့်ကြည့်လိုက်တော့ မှိုင်းညို့ညို့မျက်ဝန်းတွေနဲ့စုံတွေ့လိုက်ရတဲ့ဂျောင်ကု။အခုချိန်မှာ ဂျောင်ကု ဘယ်လိုခံစားနေရမလဲဆိုတာသိတာမို့ အပြင်ကိုခေါ်ထုတ်ခဲ့လိုက်မိသည်။
နှစ်ယောက်သား လူရှင်းတဲ့နေရာရောက်တော့မှ သူ့လက်အားဆွဲကာ ရပ်တန့်လိုက်တဲ့ဂျောင်ကု။
"ဂျောင်ကု"
"ဘေဘီ ကိုယ် ကိုယ်တောင်းပန်ပါတယ်"
ခေါင်းငုံ့ကာနောင်တပြင်းစွာရနေဟန်ဖြင့် ပြောလာသောဂျောင်ကုကြောင့် သူ့မျက်နှာကိုယူကာမော့လိုက်ကာ နှုတ်ခမ်းပါးပါးကိုအနမ်းချွေလိုက်သည်။
"ငါတို့ အတိတ်မှာ မနေကြဘူးလေ ဂျောင်ကု ဟုတ်တယ်မလား ဒါပေမဲ့ ဒီနေ့တော့ပြန်လိုက်ပါလား ငါ အမေ့ကိုသေချာလေးရှင်းပြပေးမယ်"
"တကယ်လိုလက်မခံရင်ရော"
"ယှဉ်ပြလိုက်မယ်လေ အရင်က မင်းငါ့ကိုဘယ်လောက်ဆိုးခဲ့ပေမဲ့ အခုတော့ ဘယ်လောက်ချစ်ကြောင်း ပြီးတော့ အမေပြောသလို ကလေးတောင်ရနေပြီပဲလေ ဟုတ်တယ်မလား"