(Unicode)
အခုမှပဲရေချိုးပြီးကာစပုံပေါက်တဲ့သူ့အသွင်...။ခေါင်းလျှော်ပြီးသည်မို့ ရေမပြောင်သေးတဲ့ ဆံပင်တွေကရေသီးလေးကျနေသည်..။ပတ်တီးကတော့ဖြုတ်လိုက်တာကြာပေါ့ ကြီးကြီးကျယ်ကျယ်သိပ်မလုပ်ချင်တာလဲပါတာမို့ အစောထဲကဖြုတ်လိုက်တာ။
ထိုနောက် ပြတင်းပေါက် အပေါ်စီးထပ်ကမြင်နေရတဲ့ ဆိုးလ်အလှရှုခင်းကိုဂျောင်ကုကြည့်နေရင်း သက်ပြင်းတစ်ရှိုက်ချကာပင်လက်ထဲက banana milkကိုသောက်လိုက်သည်..။
...Umm ဘယ်တော့မှမရိုးသွားမဲ့အရသာ...
*Banana milkသောက်ကြည့်ပါဆို ဂျွန်ကွာ*
*ကိုယ်မကြိုက်ပါဘူးဆို*
*တစ်ငုံလောက်ပဲသောက်ကြည့်နော်နော်*
ပြန်လည်ကြားယောင်မိတဲ့ စကားသံတွေနဲ့အတူ မြင်ယောင်လာသော တစ်ယောက်သောသူကြောင့် ဂျောင်ကု သူ့လက်ထဲက ဘူးအခွံကိုညစ်လိုက်မိသည်။
ထိုနောက် လင်းလက်နေသောကြယ်ပေါင်းများစွာထဲက အလင်းလက်ဆုံးကိုမော့ကြည့်ကာ
"နေကောင်းတယ်မလားအချစ်"
"ဘုန်း!!!"
အခန်းထဲက ကြားလိုက်ရသောပြုတ်ကျသံကြောင့် ဂျောင်ကုချက်ချင်းပင်သွားကြည့်လိုက်တော့ ကုတင်ပေါ်က ပြုတ်ကျနေသော ကင်မ်ထယ်ယောင်း။
သဘောကျစွာသူပြုံးမိရင်း ဘာအသံမှမပေးပဲ စောင့်ကြည့်နေမိတော့ အခန်းကိုဟိုကြည့်ဒီကြည့်ဖြင့် စူးစမ်းနေသည်။
အမြင်မရှင်းဘူးထင်ဟန်ရှိ...မျက်လုံးကိုပွတ်သပ်ကာသေချာလေးကြည့်ပြီး သူ့ဘက်လှည့်ကာ အရိုးရှင်းဆုံး မျက်ဝန်းတွေဖြင့် ပေကလပ်ပေကလပ်လုပ်ကာမော့ကြည့်လာသည်။ဒီမျက်ဝန်း ဒီမျက်ဝန်းတွေက သူ့ကိုမရိုးမယွဖြစ်စေတာ တကယ်ပါ။
"နိုးလာပြီလား ဘေဘီ"
ချက်ချင်းပင် မာထန်သွားသော မျက်ဝန်းတွေနဲ့အတူ ကမန်းကတန်း ကုံးရုံးထကာ..
"ဒီ ငါ***..."
"ဟေ့ ဟေ့"
မကြားဝံ့မနာသာစကားလုံးတွေကိုတရစက်ရွတ်ကာပင် ဘေးနားမှရှိသမျှအရာတွေနဲ့ကောက်ပေါက်နေသော ထယ်ယောင်းပါလေ။