Twenty-Four

12.5K 1.3K 280
                                    

(Unicode)

နာမည်ကြီးတံဆိပ်ဖြစ်သော မိန်းကလေးအသုံးဆောင်များ စီစီရီရီ ရှိနေသောမှန်တင်ခုံ...။

Victoria Secretရေမွှေးအားလှမ်းယူပြီး ခေါင်းမော့က လည်ပင်းနာ တစ်ဝိုက်ကိုဖြန်းလိုက်သည်။ထိုနောက် လှိုင်လှိုင်သင်းနေသော ရေမွှေးကို ရတော့ နီရဲသောနှုတ်ခမ်းပါးများက တွန့်ချိုးကာ ပြုံးလိုက်မိသည်။

ထိုင်နေရာမှထကာ အသင့်ထုတ်ထားသော ကိုယ်ကျပ်အနီရောင်ဝတ်စုံလေးအား သူမဝတ်ဆင်လိုက်ရင်း..လိမ်ကောက်ထားသော ဆံပင်များကိုဖြန့်ကျက်လိုက်ရင်း ခန္ဓာကိုယ်နဲ့လှပစွာ ကွက်တိဖြစ်နေသော အင်္ကျီကြောင့် ပေါ်လာတဲ့ ရှိုက်ဖိုငင်သောအလှတရားတွေကို ကြည့်ကာ သူမပြုံးလိုက်မိသည်။

နောက်ဆုံးတော့...သူမဟာ ပြန်လာခဲ့ပြီ...။

.....

"မမက တစ်ဆယ့်ငါးနှစ်အရွယ်မှာ ဖေဖေကားတိုက်ခံရတာမြင်ပြီး ရှော့ရသွားခဲ့တာ..နဂိုထဲ က နှလုံးရောဂါအခံရှိတော့ ဖေဖေကိုမြင်ရင် အဲ့နေရာမှာပဲ ဆုံးသွားခဲ့တာ"

မိသားစုဝင်ရဲ့ ဆုံးရှုံးမှုအကြောင်းကိုခေါင်းငုံ့ကာ တည်တည်ငြိမ်ငြိမ်ပြောနေသည့် ဘေဘီကိုကြည့်ရင်း ဘေဘီရင်ထဲက နာကျင်မှုတွေကိုပါ သူခံစားမိပါသည်။

"အဲ့တုန်းက အမေငိုတာကို အခုထိ မျက်လုံးထဲက မထွက်ဘူး...ကျွန်တော်ကလဲ ၁၃နှစ်ပဲရှိသေးတော့ အမေငိုတာကိုလိုက်ငိုဖို့ပဲသိတယ်"

"အရမ်းခက်ခဲခဲ့မှာပဲဘေဘီ"

"အမေငိုတာကိုမြင်တာလောက်မခက်ခဲခဲ့ပါဘူး..မေမေက နောက်ဘဝ သူ့သမီး အဲ့လိုရောဂါဆိုးမရှိ‌အောင်ဆိုပြီး မမရဲ့ အကောင်းတိုင်းရှိတဲ့ အင်္ဂါရပ်တွေကို ဆေးရုံကိုလှူခဲ့တယ်လေ...မမလဲအခုလောက်ဆို ကောင်းကောင်းနေနေရပြီပေါ့"

ဝမ်းနည်းနေဟန်ဖြစ်တဲ့ ဘေဘီနားထကာဖက်မယ်ကြံတော့လက်ကာ ကာတားလာသောသူ...။

"ကျွန်တော်ဝမ်းနည်းတာမှန်ပေမဲ့ ခင်များဖက်ပေးဖို့ မလို အ့"

ငြင်းဆန်ဦးမဲ့ မာနခဲအကြောင်းသိတာမို့ ထိုလက်ကိုဆွဲကာ ဖက်လိုက်သည်။

Querencia {HOME}Where stories live. Discover now