(Unicode)
"အခုလို မန်နေဂျင်းနဲ့ အတူ စီးပွားရေးတွဲလုပ်ရတာ အတော်လေး ဝမ်းသာမိပါတယ်"
သူဌေး ဂျန် ရဲ့ စကားကြောင့် ဂျောင်ကုမှာ အပြုံးဖြင့်ပြန်သာတုံ့ပြန်မိသည်။အသစ်တိုးချဲ့တဲ့ အိမ်ယာမြေ လုပ်ငန်းတွင်ထပ်မံတိုးလာတဲ့ ရှယ်ယာဝင်အသစ် သူဌေးဂျန်က သူ့ထက် သုံး လေးနှစ်လောက်သာ ကြီးပုံရသည်။ရွှေ ဆွဲကြိုးခပ်လေးလေးကို လည်ပင်းမှာ ဝတ်ဆင်ထားကာ အစိမ်းရောင်အပွင့် ရှပ်အင်္ကျီကိုအပေါ်ကနေ ကုတ်အဖြူရောင်ကိုဝတ်ဆင်ထားပုံက 90ခေတ်လောက်က လူဆိုးစတိုင်လ်ပုံစံဖြင့်သာ။
ပုံမှန်သာဆို ထိုလူနဲ့လက်တွဲဖြစ်ဖို့ကိစ္စမရှိပေမဲ့ သူတို့ရဲ့ အိမ်ယာမြေအသစ်ကထိုလူရဲ့စက်ကွင်းထဲက မလွတ်တာကြောင့် အမြတ်ဖြင့် မျှားကာပင် ပေါင်းတူ စပ်လုပ်ဖို့သူ့ဘက်က တိုက်တွန်းခဲ့တာဖြစ်သည်။
သူတို့ကြား ခဏတာ ငြိမ်သက်သွားပြီးနောက် အခန်းထဲကို ဝင်လာသော လူတစ်ယောက် ကြောင့် သူတို့ နှစ်ယောက်လုံးမျက်လုံးများတောက်ပသွားခဲ့သည်။
ဂျောင်ကုကတော့ မြတ်နိုးသော ချစ်ခြင်းအကြည့်တွေဖြစ်နေခဲ့ပေမဲ့ သူဌေးဂျန်ဆိုသော သူက တော့လိုချင်တက်မက်သော အကြည့်များဖြင့်သာ။
"စာချုပ်ရလာပါပြီ မန်နေဂျင်း"
ဘေဘီရဲ့ စကားကြောင့် သူလဲ ခေါင်းငြိမ့်ပြလိုက်ကာ သူဌေးဂျန်အား စာချုပ် ချုပ်တော့မဲ့ အကြောင်းပြောမယ်ကြံတော့ သူ့ဘေဘီအား နှာဘူး အကြည့်ဖြင့် ကြည့်နေသော ထိုလူ။စိတ်ထဲ တင်းခနဲ ဖြစ်ကာ မကျေနပ်ချက်ကြောင့် သူ အံကြိတ်မိတော့သည်။
သူ့ဘေဘီကတော့ဘာမှမသိသည့်နှယ် သူ့ဆီကို လျှောက်လာကာ စာချုပ်ပေးရင်း သူ့အနောက်မှာ ရပ်နေသည်။ဒါပေမဲ့ထိုသည်အထိ ထိုလူ့အကြည့်များက ဘေဘီဆီကမခွာသေးပါ။
ကိုယ်ရေး ကိုယ်တာနဲ့ စီးပွားရေးမရောချင်တာမို့ စိတ်ကို အတတ်နိုင်ဆုံးချုပ်တည်းကာပင် ချောင်းဟန့်လိုက်ရင်း...။
"စာချုပ် ချုပ်ကြတာပေါ့ သူဌေး ဂျန်း"
"ကောင်းပါပြီ"