(Unicode)
ကလေးတွေကိုထယ်ယောင်းပေါ်ပေါ်တင်ကာ နို့ဒိန်ချဥ်ဘူးလေးဖောက်ပေးထားလိုက်တော့တပြွတ်ပြွတ်ဖြင့် စုပ်သောက်ကာ သူတို့မြင်နေရတဲ့လောကပတ်ဝန်းကြီးကို မျက်လုံးပြူးပြူးလေးများဖြင့်စူးစမ်းနေကြသည်။
ညနေ နေဝင်တော့မည်အချိန်ဖြစ်တာကြောင့်နေက စူးစူးတောက်ကာ မျက်လုံးကိုထိုးတာမို့ထယ်ယောင်းမျက်လုံးပေကလပ်ပေကလပ်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေရသည်။ထိုအချိန်မှာပင် သူ့မျက်နှာရှေ့ကိုကာလာသောအရိပ်ကိုကြည့်လိုက်တော့ ဂျောင်ကုပင်...။ခန္ဓာကိုယ်ကိုမတ်မတ်ဖြင့်တစောင်းထိုင်နေပုံက သူ့မျက်နှာကိုနေကာပေးနေသလို...။မျက်လုံးမစူးတော့ပေမဲ့ သူထိုင်နေပုံက ကြာလာရင်ခါးညောင်းမှာသိတာကြောင့်...။
"ရတယ် အဲ့လောက်မလိုဘူး"
"မဟုတ်ပါဘူး..ဒီလိုနေတာ သက်သောင့်သက်သာရှိတယ်လေ"
"ဒီမှာ ကျွန်တော်ကယောကျာ်း ဒီလောက်တော့ခံနိုင်တယ်"
"ယောကျာ်း ယောကျာ်းနဲ့ ဘာယောကျာ်းလဲ ကိုယ့်ယောကျာ်းလား"
"ဘာဗျ!!ခင်များ!!"
ထယ်ယောင်းရဲ့စိတ်ဆိုးတကြီးအော်သံကြောင့်ဂျောင်ကုက တစ်ဖက်လှည့်ရင်းပြုံးမိသည်။
ကလေးအဖေသာ..ဖြစ်တာ..ကလေးနဲ့အပြိုင်ချစ်ဖို့ကောင်းနေတာ ဒီဟာလေး မသိလေရော့..။"ဂျွန်ဂျောင်ကု"
"အွန်း..."
"ခင်များ ဘာဖြစ်ချင်တာလဲ.."
"မင်းနဲ့တွဲချင်တာလေ"
သူ့ရဲ့ဒဲ့ဒိုးဆန်တဲ့အဖြေကြောင့်ထယ်ယောင်းမှာ မကျေနပ်သလို မဟုတ်သေးဘူးလေဗျာဆိုပြီးထွက်လာရသည်။သူမေးလို့ဖြစ်ချင်တာလဲဖြေရသေး...။
"ဒါဆို ကျွန်တော်ပြောမယ်..ခင်များနဲ့ကျုပ်မတွဲချင်ဘူး..ကျုပ်ကလေးတွေနဲ့ပဲအေးဆေးနေချင်တယ်"
"နေပါဦး..ငါ့ကိုအဲ့လောက်ခါးခါးသီးသီးဖြစ်နေရအောင် ဘာများဖြစ်နေလို့လဲ...အရင်က ကိစ္စတွေကြောင့်လား..အေးဟုတ်တယ်ဆို ငါတောင်းပန်တယ်လေ...ငါနဲ့တွဲဖို့လေးကို ဘာတွေများခက်ခဲနေရတာလဲ..."