(Unicode)
ထယ်ယောင်းတစ်ယောက် CEOခိုင်းသော အလုပ်ကိစ္စဖြင့် အမေတို့ဆိုင်ဘက်လမ်းကြုံတာမို့ ထမင်းဝင်စားရန်ဆိုင်ထဲလာချိန်မှာ မြင်လိုက်ရသောမြင်ကွင်းကြောင့် ရှိရှိသမျှသွေးတွေစုတက်သွားရသလိုပင်ဖြစ်သွားရသည်..။
ဂျွန်ဂျောင်ကုက မိုနိုပိုလီ တို့အား စကားပြောနေတာ...။ထယ်ယောင်းချက်ချင်းပင်ထိုသို့သွားကာ...။
"မိုနို ပိုလီ"
"အယ် ပါး ပါး"
"အာ ပါး အာ ပါး ယုန် "
သူ့အသံကိုမှတ်မိတဲ့ မိုနို ပိုလီ နှစ်ယောက်က ထယ်ယောင်းအားကြည့်ကာ လှမ်းခေါ်တော့သည်။
" မိုနိုပိုလီလား အာ လွဲသွားတယ်"
ဂျောင်ကု ဘာပြောနေလဲ သူနားမလည်...နားလည်အောင်လဲ မကြိုးစားပါ။မိုနိုကို ချီကာ ပိုလီကိုပါ ချီမယ်လုပ်တော့ ဂျွန်ဂျောင်ကုက မ သွားသည်။
"ဂျွန်ဂျောင်ကု ရှီ ကျွန်တော့် ကလေးပြန်ပေးပါ"
"သူတို့နာမည်ကို ဘယ်လိုစဉ်းစားထားတာလဲ ကိုယ်က တိုနီ မိုလီလို့ထင်နေတာ"
"ဒီမှာ သူတို့နာမည်ဘာသာ ဘာပဲဖြစ်ဖြစ် ခင်များအလုပ်နည်းနည်းလေးမှ မပါပါဘူး ဂျွန်ဂျောင်ကုရှီ.. customer က customerလိုပဲ ပြုမူပါ ကျွန်တော့်ကလေးပြန်ပေး"
ထယ်ယောင်း ဂျောင်ကုဆီမှ ပိုလီကိုပြန်ယူပေမဲ့ ဂျောင်ကုက အနောက်ဆုတ်ကာ..
"ဟေး ဘေဘီက ရင့်လှချည်လား..ဘာလဲ အရင်ကအချိန်တွေကိုမေ့လိုက်တာလား"
ဂျောင်ကုရဲ့ထိုစကားကြောင့်ထယ်ယောင်းမှာ ဒေါသတွေထွက်စွာ မျက်နှာက နီရဲလာသည်။ဘေးနားပတ်ဝန်းကျင်က customerတွေကလဲ ဝိုင်းကြည့်ဝိုင်းကြည့်မို့ ထယ်ယောင်း ပိုလီကို မနည်းဆွဲကာ ချီတော့မှ ဂျောင်ကုက အေးဆေးလွှတ်ပေးသည်။
"အတိတ်ဆိုတာ ကျွန်တော့်အတွက် ငရဲခန်းပဲ အခုလက်ရှိမှာ ကျွန်တော်က ခင်များကိုမသိချင်သလို ပတ်လဲ မပတ်သက်ချင်ဘူး..ကျွန်ဝောာ့်ကိုလာမနှောက်ယှက်ပဲ အေးဆေးနေလိုက်ပါ ဂျွန်ဂျောင်ကု.."