(Unicode)
"ဂျွန်ကိုမပြောဖူးဘူးထင်တယ်..ချယ်အသက်၁၅နှစ်မှာ မျက်လုံးမီးဟပ်ပြီး အမြင်ကွယ်သွားခဲ့တာလေ။အဲ့မှာ အလှူရှင်ပေါ်လို့ပြန်ကောင်းလာတာ..အဲ့ဒါ ထယ်ယောင်းအစ်မလေ"
"ဪ..."
"ကံကလဲဆုံမဲ့ ဆုံတော့ လဲ တိုက်ဆိုင်လိုက်တာ..ဂျွန် ထယ်ယောင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးနော်..ထယ်ယောင်း မင်းသူဌေး အချိုးမပြေရင် အစ်မကိုတိုင်သိလား..သူကတစ်ခြားသူသာမကြောက်တာ သူ့ချစ်သူတော့ ကြောက်တယ်လေ"
တစ်ယောက်ထဲ ရေပက်မဝင်အောင်စကားပြောနေသော သူမကြားမှာတော့ ဝမ်းနည်းသော အကြည့်များရယ် တောင်းပန်းတိုးလျှိုသော အကြည့်များရယ်ဖြင့်စကားပြောနေကြသော ထယ်ယောင်းနဲ့ဂျောင်ကု...။
အစစ်မှန်လို့ထင်ခဲ့မိကာမှ အယောင်ဆောင်မှန်းသိလိုက်ရသလို...ထာဝရလို့မှတ်ယူခဲ့ပြီးမှာ ဆောင်းတွင်းက အာငွေ့လိုပင်လွှင့်ပျောက်သွားခဲ့သည်။
ဂျောင်ကုရဲ့ချစ်သူကသေသွားပြီလို့သူမှတ်ယူခဲ့ပေမဲ့လည်း အခုချိန်မှာတော့ မဟုတ်ခဲ့ပါ...ဒီနေရာမှာ ဆက်နေမိရင် ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မလဲတောင်မသိတာနိုင်တာမို့ ထယ်ယောင်းပြန်ဖို့ဆုံးဖြတ်ခဲ့သည်။
"ဒါဆို ခွင့်ပြုပါဦး..မန်နေဂျင်း.."
ကားသော့ကို ဂျောင်ကု အားအပ်ကာ သူထွက်လာခဲ့လိုက်သည်။
ဘာတွေများသူကလုပ်နိုင်မှာမလို့ထိုနေရာမှာဆက်နေရမှာလဲ...အစထဲက သူ့မှာ အမေရယ် ဝမ်လေးရယ် မိုနိုပိုလီရယ်ပဲ ရှိခဲ့တာပါ...ထပ်မျှော်လင့်မိရင် သူရူးနှမ်းရာ ကျမှာပေါ့ ဟုတ်တယ်မလား...။
အိမ်ဆက်ပြန်ရမယ်ဆိုတာ သိပေမဲ့သူအခုထိ ကားပါကင်ကနေမထွက်ရသေးပါ။ခြေထောက်တွေက ခဲဆွဲထားသလို လေးလံကာ...ပါးပေါ်မှာလဲသူမလိုချင်တဲ့ မျက်ရည်တွေက စီးကျနေသည်။
ဘာလို့လဲ..သူကရော..ဘာလို့ ငိုနေရတာလဲ..သူကရောဘာလို့နာကျင်နေရတာလဲ...။
"ဘာလို့လဲ!!ဟင့်..ဘာလို့လဲ.."
ခြေထောက်တွေက အားမရှိတော့တာမလို့ထိုနေရာမှာတင်သူဆောင့်ကြောင့်ထိုင်လိုက်မိသည်။