(Unicode)
"အခန်းနံပါတ် ၁၅၆ ထောင်သားအသစ်လာတယ်!!!"
ရဲမေရဲ့အသံကြားပြီးနောက်မှာတော့ဂျုန်းခနဲပိတ်ခံလိုက်ရသောသံတံခါးကြီး။ထောင်ဝတ်စုံ သုံးစုံလောက်သာ သယ်ရင်းအရယ်အပြုံးမရှိပဲထိုအခန်းထဲဝင်သွားသောချယ်ယောင်း။
ချမ်းချမ်းသာသာသုံးဖြုန်းနိုင်ခဲ့တာကြောင့်သူမမျက်နှာလေးကဘာမှမလိမ်းထားတာတောင်ဖြူဖြူနုနုဖြစ်နေပေမဲ့စိတ်ထောင်းကိုယ်ကြေဆိုသည့်စကားအတိုင်း ချုန်းချုန်းကျနေသည်။
ကိုယ်တိုင်ပင်မသတ်ခဲ့စေကာမူ သူ့အားတစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့သောဂျွန်ဂျောင်ကု။အရင်သူဌေးကြီးအားသတ်ခဲ့သောကိစ္စကဖော်ထုတ်ခဲ့တာကြောင့် သူမအပြစ်ကပို၍ပင်ကြီးလျက် ။ရှေ့နေ့ယူကာအသနားခံစာတင်တာတောင်ပယ်ချခံရတဲ့သူမဘဝဟာငွေဖြင့်ကစားခံရသည်။အခုတော့သူမဘဝဟာလေးဘက်လေးလံနံရံတွေကြားမှာတစ်သက်လုံးပိတ်မိတော့မည်။
ရဲမေရဲ့အမိန့်ကြောင့်ထိုအခန်းထဲဝင်သွားတော့ ထောင့်ဘက်တွင်ကပ်ကာနေနေသော သူ့လိုပဲထောင်သူသုံးယောက်။ရုပ်တွေကကြမ်းတမ်းကာပင် မသတီစရာကောင်းတာမို့သူမကိုယ်တိုင်ပင်ရွံရှာမိတာမို့ခပ်ဝေးဝေးမှာသာဝင်ထိုင်နေလိုက်သည်။
"ဟေ့ အသစ်လေး ဘာအမှုလဲ"
သူတို့ထဲမှာမှဒေါင်ကောင်းသောမိန်းမကသူ့အားမေးလာပေမဲ့စကားပြောဖို့ရာမတန်တာကြောင့် ဘာမှပြန်မဖြေပဲနေလိုက်တော့ မကျေနပ်ပုံရသွားသည့်ထိုမိန်းမကသူ့အနားရောက်လာခဲ့သည်။
"ဟဲ့ကောင်မ ငါပြောတာမကြားဘူးလား"
"...."
"အဟက်..နောက်မှလာပြီး စီနီယာကိုမလေးစားဘူးပဲ ဟုတ်လား ဟမ်း!!ငါနင့်ကိုမေးနေတယ်လေ စောက်နားက ကန်းနေလား ကောင်မ!!"
သူမပါးအားတစ်ဆတ်ဆတ်ရိုက်ကာပြောလာသောထိုမိန်းမကြမ်းကြောင့် ထိုလက်အားပြန်ရိုက်လိုက်တော့မယုံနိုင်သောပုံစံဖြင့်ကြည့်နေခဲ့သည်။
"အဟား ဒီခွေးမကတော့"
!ဖြောင်း!!
"အ့ ရှင်!!''