(Unicode)
ဆိုင်အပြင်ကနေမြင်နေရတဲ့ လှုပ်စိလှုပ်စိနဲ့အလုပ်လုပ်နေသောကောင်လေး။သူဒီလိုလာခိုးကြည့်နေမိတာ ဘယ်နရက်ပင်ရှိပြီလဲမသိပေမဲ့ ဒီလိုကြည့်နေမိတာတင် သူပင်ပန်းထားသမျှပြေပျောက်စေသည်။ကလေးနှစ်ယောက်အဖေဖြစ်ပေမဲ့လည်း သူ့ဘေဘီကလူပျိုလိုပင်ထင်ရအောင်နုဖက်ကာလှလွန်းသည်။
ထိုအတွေးကိုတွေးမိပြန်တော့သူ့နှုတ်ခမ်းတစ်ဖက်တွန့်ကာပြုံးမိသွားပြန်သည်။
သူ့ကိုလှတယ်လို့များသုံးမိတာကို ကလေးအဖေလေးကသိကြည့်ပါလား။ကျွန်တော်ယောကျာ်းကွ ဆိုပြီးငေါက်ခံရမှာ သေချာသလောက်ပင်။ဒါပေမဲ့လည်း ထိုကလေးအဖေက တကယ်လှတာကိုတော့မငြင်းနိုင်။
မနက်ခင်းနေရောင်လိုပင်မပူလောင်စေပဲစိမ့်စိမ့်လေးနဲ့နွေးထွေးနေသောအလှမျိုးကိုပိုင်ဆိုင်နေသောသူ့ဘေဘီလေး။နေ့တိုင်းအဝေးကနေပင် ကလေးအဖေအားငေးကြည့်ရတာကထင်သလောက်မလွယ်ခဲ့။ကြည့်မိတိုင်းပြေးဖက်ကာ ကလေးတွေကိုပွေ့ချီသလိုကောက်ချီပြီ အနမ်းတွေပဲလိမ့်ပေးပြစ်ချင်သည်.။ဒါပေမဲ့လည်း ထိုကလေးအဖေက သူ့အားအထင်ကြီးလွဲကာပင် စိတ်ကောက်နေသည်မလား။ပါးစပ်ကပင်ပြတ်ပြီလို့ဘယ်လောက်ပြောပြောကင်မ်ထယ်ယောင်းကိုမပြတ်နိုင်မှန်း ဘယ်လောက်ချစ်မှန်းသူသာလျှင်သိသည်..။ဒါကိုတော့ထယ်ယောင်းကမသိ။မသိပဲသူ့အားမယုံကြည်တာကိုလဲစိတ်မဆိုးပါ။အမေတစ်ယောက်ကိုရုတ်ခြည်းဆုံးရှုံးလိုက်ရတဲ့ဘေဘီအနေနဲ့တစ်ခုခုကိုအလောတကြီးဆုံးဖြတ်လိုက်တာကအမှားထဲကတစ်ခုပင်။ဒါကြောင့်သူကဘေဘီအရာအားလုံးသိတဲ့အထိကြိုးစားပြီးဘေဘီ့ကိုပြန်ချဥ်းကပ်မှာ။
ဆိုင်ထဲကိုကြည့်နေတုန်းတဒူဒူမြည်လာတဲ့ဖုန်းသံကြောင့်သူဖွင့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့ ချယ်ယောင်း ဆိုသော နာမည်။
အကြည်ဓာတ်ယူနေချိန်မှာအနောက်ဓာတ်ကပေါ်လာတာကြောင့်သူ့မျက်ခုံးများက ကျုံ့ခနဲပင်။
တမင်ပင်မကိုင်ပဲအသံပိတ်ထားကာဘေဘီအားပြန်ကြည့်လိုက်သည်။
အေးချမ်းလိုက်တာဘေဘီရာ...
အအကြောင်းတစ်ခုကြောင့်သာထိုမိန်းမအားသူပြန်ကပ်နေရပေမဲ့သူ့စိတ်ကိုအစဥ်မြဲစိုးမိုးထားတာကတော့ဘေဘီပင်။သူထိုသို့ချဥ်းကပ်နေတာကိုလဲဘေဘီကမသိတာမို့သူ့ကိုတကယ်ကြီး စိတ်ပြတ်နေပြီလို့ပဲထင်နေမှာ။