Eighteen

14.2K 1.5K 179
                                    

(Unicode)

"အကောင်းဆုံးဆိုတာ...ခင်များ ကျွန်တော်တို့သားဖနားမရှိတာအကောင်းဆုံးပါ"

"မဟုတ်ဘူးလေ..ထယ်ယောင်း ကိုယ်.."

"ရှင်းရှင်းပြောရရင် ခင်များနဲ့ မပတ်သက်ချင်ဘူး..အဲ့ဒါ မှန်သော စကားပဲ...လူတွေအားလုံးနဲ့ ပတ်သက်ရမှာထက် ခင်များကို ပတ်သက်ရမှာ အကြောက်ဆုံးပဲ...ကျွန်တော့်ဘဝကိုအေးအေးဆေးဆေးဖြတ်ကျော်နေခဲ့တာကို ခင်များက ရောက်လာတယ် ဖျက်စီးတယ်။ကျွန်တော့်မှာ ပုံမှန်မဟုတ်တဲ့အရာတွေဖြစ်လာတယ်။ခင်များက သာခင်များကို မပြောလို့အပြစ်တင်တယ်..ကျွန်တော်ကတော့ ခင်များဆီလာခဲ့မိလို့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တယ်.."

ထယ်ယောင်းရဲ့စကားတိုင်းက သူ့ရင်ဘက်ကို ဆုတ်ခြေကာ ညစ်သတ်နေသလိုပင်..။သူများဘက်ကိုမကြည့်ပဲ ကိုယ့် အပျော်ကိုသာ တစ်ကိုယ်ကောင်းဆန်မိတဲ့ သူကြောင့် အခုလိုထယ်ယောင်းခံစားနေတာမြင်တော့ မိမိကိုယ်ကိုရှက်ရွံ့မိသည်။

ထယ်ယောင်းပြောတဲ့ စကားလုံးတိုင်းက အမှားပါဝင်တာမျိုးမရှိတာမို့ခေါင်းငုံ့ကာပင်ငြိမ်ခံနေမိသည်။

"ခင်များ...အခုကိစ္စလို ဘာမှမသိသလိုမေ့လိုက်ပါ..ကျွန်တော်က အရင်က ခင်များကုတင်ပေါ်ရောက်ခဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်ပဲလို့သတ်မှတ်လိုက်ရင် အားလုံးအဆင်ပြေမှာပါ"

"တောင်းပန်ပါတယ်...ကိုယ်တကယ်မှားပါတယ်..မင်းကို ကိုယ်တကယ်တောင်းပန်ပါတယ်...ကိုယ့်ကိုအမှားပြင်ခွင့်ပေးပါ...ကိုယ် မိသားစု ဆိုတာမျိုးကိုမုန်းပေမဲ့လေ မိုနိုပိုလီကိုတော့ မိသားစုအစစ်မှန်ဘဝလေးပေးချင်တယ်။ကိုယ့်လိုမျိုး အခြေနေ မျိုးကိုမရောက်စေချင်ဘူး..ကိုယ့်ကို သဘောမကျရင်တောင်မှ ကလေးတွေကို ‌တွေးပေးလို့မရဘူးလား"

တစ်ခါမှပင်မလုပ်ဖူးသော ဒူးထောက်ခြင်းကို ဂျောင်ကု ထယ်ယောင်းရှေ့မှာလုပ်မိတော့သည်။ထယ်‌ယောင်းကတော့ ဂျောင်ကုကို ပင် မမှိန်မသုန်ကြည့်ကာ အသက်မဲ့လျက်ပင်...။

‌အစကထဲက သူဟာ ကလေး‌တွေကြောင့်သာ ဂျောင်ကုဆီက ထွက်ပြေးဖို့ကြံရွယ်ခဲ့တာ...သေချာပြန်တွေးကြည့်ပြန်တော့လဲ ကလေးတွေ အတွက်မိသားစု အစစ်မှန်ဆိုတာလိုသေးသည်။ဒါပေမဲ့ သူ့ကလေးတွေက ပြည့်ပြည့်ပြည့်စုံရှိခဲ့တာပဲ...အမေရယ်...ဝမ်လေးရယ် သူရယ်...နဲ့တင်ပြည့်ပြည့်စုံစုံရှိနေခဲ့တာပဲ ဟုတ်တယ် မိုနိုပိုလီကဂျောင်ကုကို မလိုအပ်လောက်ပါဘူး...။

Querencia {HOME}Where stories live. Discover now