(Unicode)
ကားစက်သတ်ကာသူမထွက်လာတော့လက်မှာသတိထားမိသောလက်စွပ်။
ဂျွန် သူမအားအခန်းထဲလိုက်ပို့တဲ့နေ့ကယူထားခဲ့သောလက်စွပ်ပင်။
စက္ကူအကူညီဖြင့်စွပ်ထားသောထိုလက်စွပ်အားသူမချွတ်လိုက်သည်။ထိုနောက် သူမဘေးနားကအမှိုက်ပုံးထဲသို့...။
ဒီလက်စွပ်ဟာသူမအတွက်မှမဟုတ်ရင်ဘယ်သူ့အတွက်မှမဖြစ်စေရဘူး။
ဒီလိုပဲဂျွန်ဟာသူမရဲ့အပိုင်မှမဟုတ်ရင်ဘယ်သူ့အပိုင်မှမဖြစ်စေရဘူး။ဂျွန်ဟာသူတစ်ယောက်ထဲရဲ့အပိုင်ပဲ။အစက ဂျွန့်ဆီကိုသူမပြန်မလာချင်ခဲ့ပါ။ဖြစ်သမျှပြဿနာတွေအားလုံးက သူ့ကြောင့်ဟုပင်ယူဆကာ မုန်းတီးကာပင်သူမအားကယ်တင်ခဲ့သောသူဌေးကြီးကပ်တွယ်ခဲ့တာ။မိန်းမမာယာတွေကိုသုံးချကာ မြူဆွယ်ခဲ့သည်။ထိုသူဌေးကြီးကလဲအများကြီးအချိန်မပေးလိုက်ရ သူမအားတမ်းတမ်းစွဲဖြစ်ခဲ့သည်။
နောက်မှ သူမသိခဲ့ရတာ ထိုသူဌေးကြီးက မိန်းမနှစ်ယောက်ယူထားတဲ့အပြင် သားသမီးတွေလဲ ရှိသည်တဲ့လေ။ဒါတွေက သူမအရေးနဲ့မဆိုင်ပေမဲ့ ထိုလူကြီးက နေ့နေ့ညည တဏှာရာဂထကာ သူမကိုလဲ လက်မခံရင် နှိပ်စက်သည်။ထိုအချိန်မှ သူ့အပေါ်ကိုကောင်းခဲ့တဲ့ဂျွန့်ကိုနားလည်ကာပင် သူမကိုယ်တိုင် တကယ်ချစ်တာ ဂျွန်မှန်းသိခဲ့ရသည်။နောက်တော့ သည်းမခံနိုင်တဲ့အဆုံး ထိုသူဌေးကြီးအိပ်နေတုန်း သူမ ဓားနဲ့အကြိမ်များစွာထိုးသတ်ခဲ့ကာ ထွက်ပြေးခဲ့သည်။
ထိုအခက်ခဲတွေသူမကျော်လာခဲ့တာက ဂျွန်နဲ့ပြန်ပေါင်းစည်းဖို့။ဒါပေမဲ့ ဂျွန်ဟာသူမအစား ဘာမဟုတ်တဲ့ကောင်လေးကိုသာ ချစ်နေခဲ့သည်လေ။
ဒါတွေက တစ်ခဏပါ..သူမ သူဌေးကြီးရဲ့ စည်းစိမ်အပေါ်ယစ်မူးခဲ့သလို ဂျွန်ကလဲ ထိုကောင်လေးအပေါ် ခဏတာသာ။ဒါကြောင့်မို့ ဂျွန်တကယ်ချစ်တာဘယ်သူလဲဆိုတာ သူမ ပြသဖို့လိုအပ်နေပြီလေ။
"ဂျွန်!"
အပြုံးများစွာ ဖြင့် ရုံးခန်းထဲကိုဝင်လာခဲ့သောသူမ။ဒါပေမဲ့ ထိုအပြုံးတွေက ဆိုဖာပေါ်တွင်ထမင်းစားနေကြသော လူနှစ်ယောက်ကြောင့် မျက်စိမျက်နှာပျက်သွားရသည်။