(Unicode)
"လူနာအခြေနေကစိတ်ချရပါပြီ။ဆေးရုံဆင်းချင်ရင် သဘက်ခါလောက်ဆင်းလို့ရပြီနော်"
ဆေးစစ်မှတ်တမ်းအားကြည့်ကာပြောလာသောဆရာ့ကြောင့် ထယ်ယောင်းရောအမေပါပြုံးလိုက်မိသည်။ဆေးရုံကနေဆင်းခွင့်ရမယ်ဆိုတော့ ပျော်မဆုံးပေါ့။အမေကိုယ်တိုင်ကလဲဆင်းချင်နေကာ သူ့ကိုခဏခဏပူဆာပေမဲ့ သူကသာ အမေ့ကိုဖြောင်းဖျနေခဲ့ရတာ။
"ဒါပေမဲ့တစ်လတစ်ခါရက်ချိန်းလာရမယ်နော်။ဆေးရုံကပေးတဲ့ဆေးတွေလဲသေချာသောက် "
"ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပါ"
"ကျေးဇူးတင်ပါတယ် ဆရာ"
သူရော အမေရော ကျေးဇူးတင်လိုက်တော့ အပြုံးတစ်ခုနဲ့ တုံ့ပြန်ကာ ထွက်သွားသော ဆရာဝန်။ပြန်ရတော့မှာဖြစ်တာကြောင့် check outလုပ်ဖို့ counterမှာ သွားမေးဖို့ရာ သူ ထွက်လာခဲ့သည်။
"အာပါး!!"
Checkလုပ်နေတုန်း မိုနို အသံကြားရတာကြောင့်သူလှည့်ကြည့်လိုက်တော့ ဝမ်လေးရယ် မိုနိုပိုလီရယ် ပန်းစီးကြီးကိုင်ထားသော ဂျွန်ရယ်ပင်။
"မိုနို ပိုလီ "
သူ ဒူးထောက်ကာ လက်ဆန့်ရင်းခေါ်လိုက်တော့ လုံးလုံး လုံးလုံးနဲ့ နှစ်ယောက်သားပြေးလာကြတာများ သူ့ရင်ခွင်က အင့်ခနဲပင်။
"များ....ဂျီး လွမ်းနေသာ အာပါး"
"ဟုတ် ဒယ်"
"အာပါးလဲလွမ်းပါတယ်"
ကလေးနှစ်ယောက်အား ပါးတစ်ဖက်ဆီ အာဘွားပေးရင်း ဂျောင်ကုအားမော့ကြည့်ကာ
"ဘာလို့လာတာလဲ အမေသိရင်"
"ကိုယ်တောင်းပန်ဖို့လာခဲ့တာပါ။ဒီအတိုင်းနေလို့မှမဖြစ်တာ ဟုတ်တယ်မလား"
ဂျောင်ကုပြောတာလဲ ဟုတ်သလိုတွေရှိတာမို့ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည်။ဒီအတောတွင်းမှာလဲဂျောင်းကုအကြောင်းနည်းနည်းချင်းစီအမေ့ကိုပြောထားတာမို့ အဆင်ပြေလောက်မှာပါ။
ကလေးတွေကိုခေါ်လာကာ အခန်းထဲဝင်လာတော့ အမေက ပျော်သွားဟန်။ဒါပေမဲ့ ဂျောင်ကုကိုမြင်တော့ ထိုအပျော်တွေက ရုတ်ခြည်းပျောက်သွားတာမို့ သူစိတ်ပူမိသည်။