Nineteen

13.9K 1.4K 234
                                    

(Unicode)

"ဒယ်....ဒယ်"

"အာ ပါး"

ကလေး‌တွေခေါ်လိုက်သော ဂျွန်ဂျောင်ကုအတွက်နာမ်စားကြောင့်ထယ်ယောင်း မျက်နှာက နေရခက်သလိုဖြစ်သွားခဲ့သည်။
ဆေးရုံဆင်းပြီးပြီးချင်းမှာပင် မြူဆွယ်သောဂျောင်ကု။အစထဲက ဂျောင်ကုကိုမစိမ်းတဲ့ ကလေးနှစ်ယောက်ကိုတစ်ပတ်အတွင်းပင် အခေါ်ဝေါ်ပြောင်းအောင်လုပ်နိုင်သော ဂျောင်ကုကိုလဲအထင်ကြီးလေးစားမိပါသည်။

"မိုနီပိုလီ!!"

ကလေးတွေကိုဒူးထောက်ကမုန့်ပြရင်းလက်ဖြန့်ထားသော အစားပုတ်သရဲညစ်ပတ်အိုးနှစ်ယောက်မပြေးပဲနေမလား...လုံးနေအောင်ကိုပြေးကာပင် ဂျွန်ဂျောင်ကုကိုချွဲတော့သည်။

"မိုနို!!မိုနိုပိုလီ!!လို့ ကျွန်တော့်သားသမီးတွေကို နာမည်မဖျက်နဲ့ ဂျွန်ဂျောင်ကု.."

"ဘေဘီကလဲကွာ တစ်ခါတစ်လေတော့မှားမှာပေါ့"

ကလေးတွေကိုမုန့်ပေးကာ ပိုင်စိုးပိုင်နင်းဖြင့် သူ့ကိုဘေဘီလို့လာခေါ်သော ဂျွန်ဂျောင်ကုကိုမျက်လုံးပြူးပြလိုက်တော့ပါးစပ်ကပိတ်သွားတော့သည်။

တစ်ပတ်ကို ငါးခါလောက်ကလေးတွေဆီလာတွေ့ပေမဲ့ သူတို့ချင်းတွေ့တာကျ တော့ တနင်္ဂ‌နွေတစ်ရက်ထဲသာ..ဒါကလဲ ဂျောင်ကုလာတာကိုထယ်ယောင်းမရှောင်နိုင်လို့..ရှောင်များရှောင်နိုင်ရင်တော့ တကယ်ပင် မတွေ့ရအောင်ကိုပုန်းပစ်မှာ...။

"အလုပ်ကိစ္စပြီးတာနဲ့ဒီကိုဝင်လာတာ ဘေဘီက အလုပ်မသွားဘူးလား..."

"ဒီနေ့နားတယ် ဒါနဲ့ ခင်များကျွန်တော့်ကိုဘေဘီလိုမခေါ်နဲ့နော်!!"

"ဒါဆို ဘယ်လိုခေါ်ရမလဲ..အချစ်..အသက်... ကလေး..ဒါမှမဟုတ်..ထယ်..ထယ်ဘေဘီလေး...အင်း..."

"ကျစ်!!ခင်များ"

"ဘေဘီလဲ ကိုယ့်ကို ခင်များလို့ခေါ်တာရပ်လေ..."

"ပြီးရော မိုနိုပိုလီအဖေလို့ခေါ်မယ် ခင်များလဲ တစ်ခြားနာမည်ခေါ်..."

"မိုနိုပိုလီအဖေ.. ကောင်းပြီ"

သူလက်ခံတဲ့အကြောင်းကြောင့်ထယ်ယောင်းလက်ပိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

Querencia {HOME}Where stories live. Discover now