(Unicode)
အခုအခြေနေက မိုနိုပိုလီရဲ့ ဆူညံ သံတွေကလွဲ ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်နေသည်....။
ကလေးတွေနဲ့ထယ်ယောင်းဆော့နေတာကြောင့်ဂျောင်ကုကသူ့ Luggage အိတ်ဘေးနားမှာ ပုံ့ပုံ့ကလေးထိုင်နေကာ သူတို့ကိုကြည့်နေရသည်။
ထယ်ယောင်းကသူ့ကိုဘာလုပ်ပါ ဘာကိုင်ပါလဲမပြော..သူအဝတ်တွေယူပြီးလျစ်လျူရှုနေတာမို့ဂျောင်ကုမှာ ထိုင်သာထိုင်နေရသည်။ထိုအချိန်မှာ မိုနိုတစ်ယောက်က အရုပ်တွေနဲ့ ကစားပြီးမှ သူ့ဒယ်ဒယ် ကိုမြင်မှ အရုပ်ကိုပစ်ချကာ သူ့ဆီကိုလာတော့သည်။
"နောက်ဆုံးတော့ ဒယ်ဒီကိုမြင်ပြီပေါ့လေ ဟုတ်လား ဟုတ်လား"
ဂျောင်ကု မိုနိုအာချီကာပြောလိုက်တော့ ပိုလီကပါ သူ့ကိုချီဖို့ ထကာ ပြေးလာတော့သည်။
"အခုမှ ဒယ်ဒီဆီလာကြတယ်ပေါ့ အိုက်ဂူး"
သားတစ်ယောက်သမီးတစ်ယောက်အား ဂျောင်ကု တစ်ဖက်တစ်ယောက်စီချီတော့ ထယ်ယောင်းလဲ ထကာ အထဲဝင်မယ်လုပ်တော့ သူမနေနိုင်တော့...။
"ဘေဘီ ကိုယ်က ဘယ်မှာနေရမှာလဲ"
"ဝမ်လေးအခန်း..."
"အာ ကိုယ်မိန်းကလေးအခန်းမှာ မနေတတ်ဘူး"
"ဒါဆို ဘယ်လိုလုပ်မလဲ အမေကလဲသူ့အိပ်ယာပေါ်တက်တာဘယ်သူမှမကြိုက်ဘူး..မနေပါနဲ့ဆိုတာကို လာနေသေးတယ်"
"ကိုယ့်ကလေးသုံးယောက်ကိုစိတ်မှမချတာ"
ထယ်ယောင်းက ဟောင်ဖွာဟောင်ဖွာပြောတော့ သူလဲ မနေနိုင်စွာပြန်ပြောမိသည်။ဟုတ်သည်လေ..သူမှ တကယ်စိတ်မချတာ..။
ထိုသို့ပြောတော့ ထယ်ယောင်း သူ့အကျင့်တိုင်းလက်ခလယ်ထောင်ပြကာ သူ့ဝသီ အတိုင်း ဘောကို ကလေးသုံးယောက်လားဟု ဆိုတော့သည်။ဂျောင်ကု ထိုပုံစံကိုသဘောကျသလိုရယ်တော့ ထယ်ယောင်းက စိတ်လေတယ်ဆိုသော ပုံစံဖြင့် သူ့ရဲ့အထုတ်ကိုမတော့တာမို့...။
"ဘေဘီ ဘာလုပ်မလို့လဲ"
"ဘာလုပ်မလို့လဲ ခင်များအထုတ်ကိုအထဲပို့ပေးရမှာပေါ့.."