ဝရံတာမှာ cigaretteသောက်ရင်း
တိမ်တွေကိုငေးကြည့်နေတဲ့မိန်းမ...
အဲ့မိန်းမ ဘယ်သူလဲဆိုတာ ကျနော် မသိဘူး
ကျနော်သိတာ အဲ့မိန်းမက ကျနော်ရဲ့ အသက်သခင် ကျေးဇူးရှင်။ အဲ့မိန်းမ အသက်ဘယ်လောက်လည်း
မသိပေမဲ့ သူ့ကိုယ်သူ အမလို့ သုံးပုံထောက်ရင်
ကျနော်ထက်ကြီးပုံရတယ် အဲ့မိန်းမ
နမည်တောင် ကျနော်မသိဘူး။အနောက်ကနေ သူမကိုယ်လေးကို တင်းတင်းကျပ်ကျပ်ဖက်ထားတော့ သူမ မရုန်းပေ။
'အမ သွားစရာရှိတယ်'
'မဖစ်မနေလား...မသွားပါနဲ့... ကျနော်နဲ့ဘဲနေပါ'
'အင်း...သွားရမှာ...မင်းသာ ပေါက်ကရ မလုပ်ဘဲ လိမ်လိမ်မာမာနေ... နောက်ထပ် ရူးကြောင်ကြောင် လုပ်ရက်တွေ မလုပ်နဲ့ '
သူမဟာ ကျနော်လက်တွေကိုဖြုတ်ပြီး
ထွက်သွားခဲ့တယ်...တံခါးပေါက်ဝ ရောက်တော့
ကျနော်ထပ်တောင်းဆိုမိ့သည်'အမ...ပြန်လာတဲ့ထိစောင့်နေမှာ... မအိပ်ဘဲ'
_________________________________ဧည့်ခန်းထဲထိုင်ရင်း တံခါးကိုဘဲ ကြည့်နေမိ့တယ် အမ ပြန်လာမလားဆိုပြီး နောက်ဆုံးတော့ ကျနော်မျက်လုံးတွေ မှေး...မှေးရင်း...အိပ်စက်ခြင်းဆီသို့...
ကျနော် ကိုယ့်ကိုယ်ကို သတ်သေဖို့အတွက် ဒီတံတားပေါ်ကိုရောက်နေတယ် လူတွေက ကျနော့်အမေကို မယားငယ်တဲ့ အမွေတွေလိုချင်လို့ အဖေ့ကိုကပ်နေတာတဲ့ ကျနော်ဘဝမှာ အဖေမရှိခဲ့တာ ကြာခဲ့ပြီဗျာ နှစ်၂၀ဆယ်လောက်လား မနေ့တနေ့ကမှ အဖေကိုသိရပြီး လူတွေက ကျနော်တို့သားအမိကို ဝိုင်းထိုးနှိက်ကြတယ် အမေကစိတ်ကျရောဂါနဲ့ဘဲ ကျနော်ကိုထားသွားပြီ ကျနော်မှာကော အသက်ရှင်ဖို့ အကြောင်းပြချက်ရှိသေးရဲ့လား
ဖိနပ်တွေ အသာယာချွတ်ပြီး သံတိုင်အပေါ်ကို လှမ်းခွချိန် အနောက်က တစုံတယောက်ရဲ့ ဂုတ်ကဆွဲပြီး တွန်းလှဲခြင်းကိုခံလိုက်ရတယ် ယောက်ျားတယောက်အားလိုဘဲ ပြင်းလိုက်တာ ကျနော် နံရိုးတွေကြေကုန်ပြီလားတောင် ခံစားရတယ် တကယ်တော့...မိန်းမတယောက်.. သူမလက်တွေက သန်မာလိုက်တာ...
'မင်းလုပ်လို့ ငါ့ဆေးလိပ် ပြုတ်ကျသွားပြီး ပြန်လျော်ပေးတဲ့'