၈လွှာကို ခြေကျင်တက်ရမယ်လို့ ကျနော်တွေးလိုက်ရင်း သက်ပြင်းချလိုက်သည် တိုက်တိုက်ဆိုင်ဆိုင် ဓာတ်လှေကား ပျက်နေသတဲ့။ အလုပ်က OTဆင်းပြီး ညအတော်နက်နေသည်။ ပင်ပန်းလွန်းလို့ ကျနော်အိပ်ချင်နေပြီ။
လှေကားတွေ တစ်ထစ်ချင်းတက်ရင်း မျက်ခွံလည်း အတော်လေးလာသည် ၄လွှာထိတက်ပြီးတဲ့အချိန် အပေါ်က အသံတချို့ ကြားလိုက်သည်။ ရိုက်သံ ဒါမှမဟုတ် တခုခု ထုသံ။
_______________________
'ဟေ့...ခင်ဗျား အသက်ရှည်နေရတာ မပင်ပန်းဘူးလား? '
'ကယ်...ပါ...' အသနားခံတဲ့ အသံအဆုံးမှာ
၁၀ပေါင် တူကို အဲ့လူ မျက်နှာထဲ တစ်ဝက်လောက် ချိုင့်ဝင်သွားတဲ့ထိ အားသုံးပြီး ကျနော်ရိုက်လိုက်မိ့သည်။ ဒါပေါ့ သေချာပေါက် သေသွားလောက်ပြီ
ကျနော့်ဖြစ်စဉ်အစ အဆုံးကို မြင်လိုက်တဲ့ ကောင်လေးကကော လွှတ်မှာလား?
'မြင်သွားပြီပေါ့' ကျနော်မေးလိုက်တော့ အိပ်ချင်မူးတူးနဲ့ သူက ပြန်ဖြေသည်
'ကျနော်က ၈လွှာက ခုက၅လွှာ ကျနော်ကို လမ်းဖယ်ပေး အပေါ်ဆက်တက်ချင်တယ် အိပ်မှဖြစ်မှာမို့...'
ကျနော် အနည်းငယ်ကြောင်သွားသည် မီးညှိဖို့ လုပ်နေတဲ့ cigaretteကို ဗူးထဲ ပြန်ထည့်ရင်း....
'ပါးစပ်ပိတ်ပြီး လိုက်ခဲ့စမ်း'
သူဆွဲခေါ်သွားသည့် တလျှောက် ကျနော် တောက်လျှောက်ပါသွားသည် ပင်ပန်းလွန်းလို့ ရုန်းကန်ချင်စိတ်မရှိ။ ကျနော် ၅လွှာထိ ခက်ခက်ခဲခဲတက်လာတာကို သူက အောက်ထိ လှေကားတလျှောက် ဆင်းလျှက် ဆွဲခေါ်သွားသည်
'ခင်ဗျား ခွေးသား'
'ဟက်.... ဆဲဖို့ကျ အားရှိသေးတယ်ပေါ့'
_______________________________
'ခင်ဗျား ဘယ်ခေါ်လာတာလဲ'
'ငါ့အိမ်လေ ...'
လှေကားတွေဆင်းပြီး လမ်းအနည်းငယ်လျှောက်သည် သူ့အိမ်ရောက်ပြီဆိုတော့ တရပ်ကွက်တည်းသားတွေလား ကျနော် ဒီလူကို တခါမှမမြင်ဖူး။
'ခင်ဗျားက စိတ္တဇလူသတ်သမားလား' ကျနော်မေးတော့ တဖက်လူက ရယ်ရင်း အိမ်သော့ကို သေချာဖွင့်နေသည်
