နောက်ဆုံးတော့ ကျနော် လမ်းလျှောက်နိုင်ခဲ့ပြီ ၃နှစ်လုံးလုံး အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားခဲ့သမျှ ဒီနေ့ ဖြစ်မြှောက်လာခဲ့သည်။Accidentကြောင့် ၃နှစ်လုံး အောက်ပိုင်း သေခဲ့ရာမှ ဒီနေ့ လမ်းစလျှောက်နိုင်ခဲ့သည်ဆိုလျှင် ကျနော် ဝမ်းမသာ ကုတင်ဘေး စားပွဲခုံ အံဆွဲထဲက ဓာတ်ပုံကိုယူရင်း ဒေါသမီးတွေ တောက်လောင်လာသည်။ဓာတ်ပုံထဲမင်္ဂလာဝတ်စုံနှင့် သူမက အလှဆုံး ပြုံးထားလျက်။
________________________
သူမတို့ လင်မယား ဖက်နမ်းနေသည် မြင်ရာ ကျနော်အန်ချင်လာသည်။ တချိန်က ကျနော်ကို လက်ထပ်မယ် ကတိပေးခဲ့တဲ့ သူမက ခုတခြားတယောက်နဲ့ အိမ်ထောင်ပြုသွားသည်။
လွန်ခဲ့တဲ့၃နှစ် ကျနော် အိပ်ယာထဲ လှဲသွားချိန်
'မင်း ကိုယ့်ကိုကိုယ်ဘဲ လက်ထပ်မှာ မဟုတ်လား ကိုယ်တို့ တွဲခဲ့တဲ့ ၄နှစ်ကဟာသမှမဟုတ်တာ'
'ရှင့်ပုံစံကို အရင်ကြည့်ပါအုံး ခုလို အကျိုးအကန်းဖြစ်နေတဲ့ ဒုက္ခသည်ကို ကျမက လက်ထပ်မယ်ထင်နေလား ရှင်ရဲ့ ဒုက္ခနွံထဲ ကျမကိုပါ လာနှစ်နေတာလား'
________________________________
အချစ်ဌက်နှစ်ကောင် အချစ်ရည်လူးပြီး ယောက်ျားဖြစ်သူ ထွက်သွားချိန်က ကျနော်အတွက် အခွင့်ရေးဘဲလေ။တံခါးခေါက်လိုက်သည်နှင့် ကျနော်ကိုမြင်တော့ သူမ အံ့ဩသွားသည်။
'ရှင်...လမ်းလျှောက်နိုင်ပြီလား' သူမက အားရဝမ်းသာကြိုဆိုနေပေမဲ့ ကျနော် ပြန်ပေးလိုက်တဲ့ လက်ဆောင်က ရင်ဝကို ဆောင့်ထိုးလိုက်တဲ့ ဓားတချောင်း။
ပါးစပ်အုပ်ပြီး အခန်းထဲဆွဲခေါ်လာတဲ့တလျှောက် သူမက ရုန်းကန်ဆဲ။
'ရှင် ဘယ်လိုလုပ်ရက်တာလဲ' အားယူပြီး ဖြည်းညှင်းစွာ ပြောနေတဲ့ သူမကို စိတ်မဝင်စား။ ဓားကို ဆွဲနှုတ်ပြီး နောက်တချက်ထိုးမဲ့အချိန်...
'ကျမမှာ ကိုယ်ဝန်ရှိနေတယ် ကျေးဇူးပြုပြီး' ကျနော်ဘောင်းဘီစကိုဆွဲကာ ငိုယိုတောင်းပန်နေတဲ့ သူမမျက်ရည်တွေက ရွံ့စရာ။
'အင်း စိတ်ဝင်စားစရာဘဲ 'ကျနော်ဖြေတော့
'သူ့ကို မပြောရသေးဘူး ကျေးဇူးပြုပြီ လွှတ်ပေးပါ' သွေးရူးသွေးတန်း အော်ဟစ် တောင်းပန်နေတဲ့ သူမအသံက တကယ်နားညီးစရာ။
