Ghost Wife Ep.1

4.8K 121 21
                                        

'သူမမို့လို့ အဲ့အခန်းကို ငှားရဲတယ်ကွယ်.. မိန်းမခလေးဖြစ်ပြီး ဘယ်လို သတ္တိနဲ့နေမလဲမသိ'

'ငါပြောရဲတယ် အဲ့ ကောင်မလေး တပတ်နဲ့ ပြောင်းလိမ့်မယ်'

တိုးတီးပြောသံတွေ အပြင် ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေကြောင့် ဘာက ထူးဆန်းနေလဲ သူမမပြောတတ်။ အားလုံး ကြားမှာမှ သူမကို မကြည်သလိုကြည့်နေတဲ့ လူငယ်တစ်ယောက်... အနွေးထည်ခေါင်းစွပ်ကို အပေါ် ဆွဲစွပ်ရင်း လှည့်ထွက်သွားသည်။ နေပါအုံး... နွေလယ်ခေါင်ကို အနွေးထည်နဲ့...။

'ခလေးမ အထုပ်တွေ အဆင်ပြေသလို သယ်လိုက်တော့နော်'
ပွဲစားအသံကြောင့် သူမ အသိဝင်လာခဲ့သည်

'အိပ်ပေါက်မှာ ရပ်မနေနဲ့ ဦးလေး အထဲဝင်လေ...ကျမ ကော်ဖီဖျော်...'သူမ ပြောတုန်းဘဲရှိသေး ပွဲစားလူကြီးက လှေကားခပ်မြန်မြန်ဆင်းသွားသည်။

'ဘယ်လိုလူလဲဟ... အိမ်အကြောင်းလည်းမရှင်းပြ..
အထဲမဝင်ဘဲ ပြန်သွားပါလား'

သူမ အထဲဝင်သည်နှင့် အစောက အတင်းပြောရင်း ဝိုင်းကြည့်နေသည့် အိမ်နီးနားချင်းများလည်း ကြက်ပျောက်ငှက်ပျောက်။ တခုခု ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။

'အိမ်က မဆိုးဘူးဘဲ သောင်းဂဏန်းနဲ့ ရတာ အတော်တန်သား တနှစ်စာ စာချုပ်က နည်းနေမလား မသိဘူး ' သူမ တယောက်တည်း ပြောပြောဆိုဆို ဝင်လာစဉ် အခန်းထဲက ဓာတ်ပုံကြောင့် ခြေထောက်တွေ ရပ်တန့်သွားသည်။

အမျိုးသား တယောက်ပုံလား နေပါအုံး အရင် အဌားတွေ ကျန်ခဲ့တာများလား?သူမ ပွဲစားကို ဖုန်းဆက်မေးချင်ပေမဲ့ စက်ပိတ်ထားလို့ မေးမရ။

'ဘယ်လိုလူလဲ ပိုက်ဆံရတော့
စောက်ဖတ်မလုပ်တော့ပါလား'

မတတ်သာတဲ့ အဆုံး ဘေးအခန်းကိုသာ
သွားမေးရတော့မယ်။

'ဒေါက်... ဒေါက်..'

သူမ တံခါးခေါက်နေတာ ၃ကြိမ်ရှိတာတောင် လူထွက်မလာပေ။ လှည့်ပြန်မို့ လုပ်တဲ့အချိန်...

'မိန်းခလေး...' အသံကြားရာလှည့်ကြည့်တော့
သူမနဲ့ ရွယ်တူ ကောင်လေး။ သူမ ဝမ်းသာသွားသည်။

ပန်းချီကားတစ်ချပ် (completed)Tempat cerita menjadi hidup. Temukan sekarang