ညဘက် ပူလောင်မှုကြောင့်
သူမ ရေချိုးဖို့ စဉ်းစားလိုက်ရင်း
အချိန်က ၉နာရီလောက်ရှိပေမဲ့ ကြောက်စိတ်အနည်းငယ်ဖြစ်လာတယ်။ တစ်ကိုယ်တည်း တိုက်ခန်းကျဉ်းလေးမှာ နေရပေမဲ့ ဘေးခန်းမှာ လူရှိသည်ဟု တွေးလိုက်ပြီး အားတင်းလိုက်သည်...ရေချိုးခန်းထဲ ရေချိုးနေရင်း အိမ်ထဲက အသံတချို့ သူမကြားလိုက်တယ် အိမ်ထဲ ကြောင်ဝင်နေတာဖြစ်မှာပါ စဉ်းစားပြီး ဖြေသိမ့်လိုက်ပြန်သည်...
ရေချိုးခန်းအပြင်က တယောက်သော သူကတော့ သူမ ရေချိုးပြီးလဲရန် အသင့်ထားထားသည့် အဝတ်ကို သေချာ ကိုင်ကြည့်ပြီး အနံ့ခံလိုက်သည် ပြီးနောက် မျက်မှောင်ကျုပ်ရင်း သဘောမကျသလို...
လျှော်ပြီးသားအဝတ်ဖစ်တဲ့အပြင် ဆပ်ပြာမှုန့်နံ့ဘဲရတာမို့ သူအနည်းငယ် ဒေါသထွက်သွားတယ် သို့ပေမဲ့ ရေချိုးခန်းရှေ့က သူမ ပုံထားတဲ့ အဝတ်စားတွေထဲက အတွင်းခံကို ကောက်ရှုရင်း သူ့မျက်လုံးတွေ လင်းလက်သွားသည် မကြာသေးခင်ကမှ ချွတ်ထားတဲ့ အတွင်းခံ...
သူပျော်လွန်းလို့ သူမ ရေချိုးပြီး အသင့်သောက်ရန် ထည့်ထားတဲ့ ဝိုင်ကို တစ်ငုံခန့်သောက်လိုက်တယ် သူမ အတွင်းခံကို သူ့ဘောင်းဘီ အိတ်ကပ်ထဲထည့်ပြီး သူမ ရေချိုးခန်းရှေ့ ရပ်နေသေးသည် ခဏနေတော့ သူပြန်သွားတယ်
သူမ ရေချိုးခန်းက ထွက်လာတော့ သူမ ဝိုင်ခွက်အနည်းလျော့နေတာကိုဘဲ သတိထားမိ့သည် သူမ ကျိန်ဆဲလိုက်၏
'ဒီဖေ ကြောင်စုတ် ငါ့ဝိုင်သောက်သွားစရာလားဟ'
သူမ အဝတ်စားလဲပြီး အနားယူမဲ့ အချိန် messageတစ်စောင်ဝင်လာသည် အပေါင်းအသင်းမရှိတဲ့ သူမအဖို့ ဝင်လာတဲ့ စာကို သိချင်စောနှင့် သူမ အမြန်ပြေးကြည့်မိ့တယ်
'မင်း မိန်းမကိုယ်အနံ့က lavender အနံ့လေးဘဲ ကိုယ့်အကြိုက်ဘဲ'
သူစိမ်းတယောက်က ရုတ်တရက်ပြောတဲ့ စကားကြောင့် သူမ သွေးပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရတယ်
'ဘာတွေပြောနေတာလဲ' သူမ စာပြန်လိုက်ပေမဲ့ တဖက်က လူက စိတ်မရှည်သလို လေသံနဲ့ပြန်ပြောတယ်
![](https://img.wattpad.com/cover/278775283-288-k755894.jpg)