Present ep.1 Uni

28.5K 279 6
                                    

ကျွန်မ မောင့်ကို စောင့်ကြည့်နေတာကြာပြီး
"မျက်လုံးတွေ"ကျွန်မလည်း သမီးရည်းစားဘဝက လာတာမို့ အဲ့အကြည့်တွေ သိပ်နားလည်တာပေါ့
ခုလည်း မောင်က ယောက်ျားတယောက်နဲ့ နမ်းရှိုက်နေတယ် ခဏကြာတော့ အဆောက်ဦးတစ်ခုထဲဝင်သွားကြတယ် မောင့်ဘေးက အမျိုးသားက မောင့်လို
ကျားကျားယားယားမရှိပေမဲ့ သူ့ဟာသူတော့
ကြည့်ကောင်းသား .. Well,မောင့်အကြိုက်က
အရင်လိုပါဘဲ...ကြည့်ရတာ အဲ့အဆောက်ဦးက
အဲ့ကောင်လေးရဲ့အိမ်ပဲဖြစ်ရမယ်

ကျမအိမ်ပြန်ရောက်တော့ အဝတ်စားတွေတောင်မလဲနိုင်တော့ဘဲ မီးဖိုချောင်ထဲတန်းဝင်ခဲ့တယ် ရေခဲသေတ္တာထဲက ဆိုဂျူပုလင်းကို ထုတ်ပြီး တရစပ်မော့သောက်လိုက်မှ ဒေါသတွေပြေလျော့သွားသလိုရှိ... ပူဆင်းသွားတဲ့ ခံစားချက်က မောင် ဖောက်ပြန်တာထက်ဆိုင်ရင် ဘာမှမဟုတ်ဘူးလေ

၁၀နာရီ၊ ၁၁နာရီ၊ ၁၂နာရီ၊ ၁နာရီ...
မောင်ပြန်မလာတော့ဘူး ထင်တယ် cigaretteလေး
ဖွာရင်း ကောင်းကင်ကိုကြည့်ပြီးတွေးနေတော့ လမင်းကြီးက လှောင်နေသယောင်။

၂နာရီ။
တံခါးဖွင့်သံကြားလို့ လှည့်ကြည့်တော့ မောင်...

"အမ ဆေးလိပ်တွေသောက်နေပြန်ပြီလား"

'အင်း' သူမပြန်ဖြေပေမဲ့ မောင်ဟာ 'မသောက်နဲ့ကွာ'လို့တောင် ဆက်မတား။

"Sorry မောင်အလုပ်တွေများနေလို့..."

၄ခါဘဲ ရှိုက်ရသေးတဲ့ cigaretteကို
ပြာခွက်ထဲထိုးချေရင်း
"အဲ့ကောင်လေးက အမထက် အိပ်ယာထဲမှာ
ပိုကောင်းလား?"

"အမ..ဘာတွေပြော.."

"မောင့်ယောက်ျား.. အ့..မဟုတ်ဘူး...
မောင့်...လင်ငယ်"

"ဘယ်တုန်းက သိသွားတာလဲ"

သူမ သူ့ဘက်က မေးခွန်းတွေ စောက်ဂရုမစိုက် ဘီဒိုထဲက ကိုယ်ကျပ်ဂါဝန်အတိုလေးကို ထုတ်ပြီးလဲနေတယ် သူတောင် နည်းနည်းအံ့ဩသွားတယ် အမက အမြဲ ပုံတုန်းနဲ့ သာမန်လိုဘဲနေတာ ဒီလို အကျီမျိုးတွေ ဘယ်တုန်းကဝယ်လိုက်တာလဲ?

ပန်းချီကားတစ်ချပ် (completed)Où les histoires vivent. Découvrez maintenant