Present ep.3 Z (end)

6K 63 5
                                    


စားပွဲမှာမှောက်လျက်နဲ့ ပြန်မထလာတော့တဲ့ မောင့်ကို ကြည့်ပြီး မောင့်အနားမှာ သွားထိုင်မိ့သည်

"တောက်တက်မစင်က တကယ်
လူသေတာဘဲ မောင့်ရဲ့ "

ဘေးအိမ်က ခလေးမက သူ့အိမ်မှာ တောက်တက်တွေရှိကြောင်းပြောတယ် ပန်း ရောင်နဲ့အဖြူဆက်ထားတဲ့ တောက်တက်ကလှပေမဲ့ မောင်ကရွံ့စရာကြီးတဲ့ အဲ့ခလေးမဆီက ချောကလက်တစ်တောင့်နဲ့လဲထားတဲ့ တောက်တက်က ကျွန်မမွေးထားတာ တလရှိခဲ့ပြီး

_____________________
___________________

ကျနော်ဆီ အကိုမလာတာ ၂လကျော်ရှိပြီး အကို ဘယ်တွေရောက်နေတာလဲ

Ring Ring
"C-1, 72/75, သဇင်လမ်း"

ဖုန်းနံပါတ်စိမ်းတခုကပေးပို့လာတဲ့
messageကိုဖတ်ပြီး စုံစမ်းကြည့်တော့
အကို့အိမ်လိပ်စာဖစ်နေသည်

ဒီအိမ်မှာ လူမနေတာ ကြာပြီနေမယ် အနံ့သက်တွေ သိပ်မကောင်းပေမဲ့ မကြာသေးခင်က လူလာသွားတဲ့ သဘောရှိသည် စားပွဲပေါ်ကcigaretteအတိုတွေက သက်သေပြလို့..
နောက်ပြီး ရေခဲပုံးတခု...

ဖွင့်ကြည့်တော့ တိရစ္ဆာန်အစိတ်အပိုင်းတခု မဟုတ်ဘူး သေချာ ကြည့်တော့ လူတယောက်ရဲ့ နှလုံး...

ကျနော်လန့်ပြီး နောက်ဆုတ်လိုက်မိ့သည်

Ring Ring
"လက်ဆောင်ကို သဘောကျရဲ့လား"

အဲ့မိန်းမ!!! အကိုက သူ့ကို သိပ်ချစ်ခဲ့တာကို အကို့ကို လုပ်ရက်တယ်... သူနဲ့နေတာလည်း စာချုပ်သက်သက်ဘဲ အဲ့မိန်းမဆီကမရတဲ့ လိင်ကိစ္စတွေကို သူနဲ့လုပ်ခဲ့တယ် စာချုပ် ၂နှစ်ပြည့်လို့ အကိုက ကျနော်နဲ့ထပ်မပတ်သတ်တော့ဘဲ အဲ့မိန်းမအပေါ်သစ္စာရှိတော့မယ်လို့ ပြောဖူးတယ် အချစ်ဆိုတာ လိင်ကိစ္စသက်သက်လို့တွေးထားတဲ့ အကို့အတွက် အဲ့မိန်းမကြောင့် အကိုကပြောင်းလဲလာခဲ့တာ ကျနော်ဆီ လာပေမဲ့ ကျနော်ကိုမထိတော့ဘူး မနမ်းတော့ဘူး ကျနော်နဲ့မအိပ်တော့ဘူး ရင်ဖွင့်ဖို့ သက်သက်ဘဲရောက်လာခဲ့သည် အဲ့မိန်းမအကြောင်းတွေပြောပြတယ် အဲ့မိန်းမက cigaretteသိပ်ကြိုက်တာတဲ့ gasပါတဲ့အအေးတွေကြိုက်ပေမဲ့ gasနဲ့သောက်ရတာမကြိုက်ဘူး gasကိုထုတ်ရမှာ ပျင်းသလို အကိုကဘဲ gasထုတ်ပေးရတယ်တဲ့ ကော်ဖီသောက်ရတာကြိုက်ပေမဲ့ ကော်ဖီပူနေရင်မသောက်ဘူး နွေးမှသောက်တယ်တဲ့ အေးစက်သွားရင်တော့ အကြောင်းပြချက်မရှိ သွန်ပစ်တတ်တယ် အဲ့မိန်းမက sexကိုမုန်းတယ် အကိုက ကျနော်နဲ့ လိင်ဆက်ဆံတိုင်း အဲ့မိန်းမနမည်ကို တ, တတ်သည်
တခါကmarketမှာ အဲ့မိန်းမနဲ့စကားပြောဖူးတာကို နောက်ရက် အကိုက ကျနော်ကို ၂ချက်တိတိထိုးခဲ့ပြီး အဲ့မိန်းမ အဝေးမှာနေဖို့မှာခဲ့တယ်

ဖုန်းနံပါတ်တစ်ခုကို messageပြန်ပို့ရင်း
ကျနော် အော်ငိုနေမိ့သည်
"ကျနော် ခင်ဗျားကို တွေ့အောင်ရှာမယ်"

____________________
___________________

တဖက်က messageကို ဖတ်ပြီး ဟက်ခနဲ့ ရယ်ရင်း
ဖုန်းကို ကြမ်းပြင်ပေါ်ပစ်လိုက်သည် စိတ်ပျက်ပျက်နဲ့ ရှေ့ဆံပင်တွေကို လှန်တင်ရင်း လက်ထဲက ဝိုင်ခွက်ကိုမြှောက်ပြီး..

"Happy 6th years
Anniversaryပါ မောင်"

တဖက် အမျိုးသားရဲ့ ဦးခေါင်းကတော့
ထိုင်ခုံနောက်ဖက်သို့ လှန်ကျနေရင်း.....

#icy

အရေးသားနဲ့ ပတ်သတ်ပြီး ဝေဖန်ပါ အကြံပေးကြပါ
Commentsမှာ ဒီ ဇာတ်ကောင်တွေနဲ့ ပတ်သတ်ပြီး အမြင်လေးတွေပြောပေးပါအုံး

ပန်းချီကားတစ်ချပ် (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ