သူမ စိတ်ရှုပ်ရှုပ်နဲ့ အခန်းသာပြန်လာခဲ့သည်။ သူမ အမေးကို တဖက်သူက ဒေါသထွက်သွားပုံဘဲ ပြန်လည်းမဖြေ။ဒီနေ့အဖို့ သူမ ကျောင်းသွားဖို့ပင် စိတ်မပါတော့ချေ။ အခန်းရောက်တော့ ဓာတ်ပုံက အကျီအုပ်ထားတာ ဖယ်ပြီး ပုံထဲက အဲ့ဒီ အမျိုးသားကို စိုက်ကြည့်နေမိ့သည်။ အကြည့်တွေက အသက်ဝင်လွန်းသည်။ မျက်လုံးတွေက တခုခုကို စိတ်မချသေးတဲ့ပုံဘဲ။ ကြာကြာ ဆက်မကြည့်နိုင်တာကြောင့် အကျီသာ ပြန်အုပ်ထားလိုက်သည်။ သူမအတွေးတွေ ရှုပ်ထွေးလာသည်။ ရုတ်တရက်က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ အမျိုးသမီးတယောက်။ သူမ အမေအရွယ်လောက်ရှိတဲ့ အမျိုးသမီး။ မျက်နှာက ဆေးဆိုးပန်းရိုက်တွေကြောင့် ငယ်သည်ဟုထင်ရသော်လည်း အကြည့်တို့က ရန်လိုတဲ့အကြည့်တို့နှင့်သာ ကြည့်နေသည်။
'ဘယ်သူ' သူမ စကားမဆုံးသေး သူမကို ကျော်ကာ အိမ်ထဲဝင်သွားတဲ့ ထိုအမျိုးသမီး။ သူမလည်း တံခါးပိတ်ပြီး အခန်းထဲပြန်ဝင်လိုက်သည်။
'ဒီအိမ်ဌားထားတာ မင်းလား'
'ဟုတ် အန်တီ'
'အန်တီသားက မင်းကို သဘောကျပုံဘဲ'
'ရှင်... ဘာကိုပြောတာလဲ' သူမအမေးကို ပြန်မဖြေဘဲ သူမကိုကြည့်လိုက် ဓာတ်ပုံရှိရာဘက် ကြည့်လိုက်နှင့် ခဏလည်းနေကော သူမကို အော်တော့သည်။
'မိုက်လှချည်းလား ညည်း ငါ့သား ဓာတ်ပုံကို အုပ်ရဲတာ'
'ရှင်... အဲ့တာ' သူမ အဖြေကို ထပ်မစောင့် ပါးရိုက်ချတာမို့ သူမ ပူထူးသွားသည်။
'ငါ့သားက သေသွားတာမှမဟုတ်တာ ညည်းက မိုက်ရိုင်းလှချည်းလား'
'အန်တီသားက သေသွားပြီလေ အသိတရားရပါတော့' အသံလာရာ လှည့်ကြည့်တော့ အနွေးထည်နှင့်ထူးဆန်းတဲ့ကောင်လေး။
'ရှင် ဘယ်လိုဝင်လာ ဟင့်အင်း အဲ့တာအရေးမကြီးဘူး' သူမခေါင်းကိုခါရင်း ' ဘယ်သူသေတာလဲ အဲ့ ဓာတ်ပုံထဲက လူက သေပြီးသားလား' သူမ အသံကတုန်နေသည်။
နှစ်ဖက်လုံး တိတ်ဆိတ်နေတာမလို့ သူမ ထပ်အော်လိုက်သည်
'ဖြေစမ်းပါ သေသွားတာလားလို့'