အေးစက်စက် အထိတွေ! ခပ်သင်းသင်း ရေမွေးနံ့!
မြူငွေ့တွေကြောင့် သူမ နိုးတဝက် အိပ်တဝက်ဖြစ်နေသလို ခံစားရသည်။ သူမနောက်ကျောမှာ သူမကို ဖိကပ်ပြီး ထွေးပွေ့နေတဲ့ တစုံတခု။ သူမ ချွေးတွေပင် ပြန်လာသည်။ အိမ်မက်လား တကယ်လား သိဖို့ သူမ နှုတ်ခမ်းကို အားဖြင့်ဖိ့ကိုက်လိုက်သည်။ 'စောက်ကျိုးနည်း တကယ်နာတယ်ဟ''နိုးနေပြီလား ဒီဘက်လှည့် ကိုယ်စောင့်နေတာကြာပြီ' အသံက ညင်သာသော်လည်း ဟန်ဆောင်နေမှန်း သိသာ၏
'မလှည့်ဘူးပေါ့ ရတယ်လေ' ပြောပြောဆိုဆိုဖြင့် ထိုအရာက သူမနားကို လျှာဖြင့် လျက်လိုက်သည်။ အေးသည်။ အေးစက်လွန်းလို့ လူသားလို့တောင် မပြောနိုင်ပေ။ သူမနားနှင့် လည်ပင်းကို နောက်ကနေ စိတ်ကြိုက် ခြယ်လှယ်နေသည်။
ရုတ်တရက် သူမကို ပက်လက်ဆွဲလှန်လိုက်ပေမဲ့ ထိုအရာ မဟုတ်ဘူး ထိုသူကို သူမသေချာမမြင်ရ မြူငွေ့တွေကြောင့် သေချာမမြင်ရပေမဲ့ ထိုလူရဲ့ မျက်နှာကို နည်းနည်းမှ ခန်မှန်းမရ။ ဒါမှမဟုတ် မျက်နှာမပါတာလည်း ဖစ်နိုင်သည်။
'မကြိုက်ဘူးလား?' ထိုအရာက သူမနားနားကပ်ကာမေးသည်။
'လွှတ်..လွှတ်ပေး .. မကြိုက်ဘူး' သူမပြန်ဖြေတော့
'အခွင့်ရေးပေးမယ်... ကိုယ့်ကိုလက်ခံရင် မင်းလိုချင်တာဖြည့်ဆည်းပေးမယ်'ဟု ထပ်ပြောသည်
'လက်မခံဘူး' ခပ်ပြတ်ပြတ် ငြင်းလိုက်ပြီး သူမဆက်ပြောလိုက်သည် 'ကျမကို ဘယ်ခေါ်လာတာလဲ ပြန်လွှတ်ပေး'
ကျယ်လောင်သောရယ်သံက အခန်းထဲ ပျံ့နှံ့သွား၏ အသံနှင့်အတူ မြူငွေ့တွေ တဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာ သူမ လောလောလတ်လတ်ပြောင်းလာသည့် တိုက်ခန်းမှာဖြစ်နေသည်
'မ...မဖြစ်နိုင်တာ....'
'ဟေ့... အသေးလေး... မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ်က ရှေ့ဆက်မှာဘဲ နာကျင်မှုတိုင်းမှာ ကိုယ်ကို သတိရပေး...စိတ်ဆိုးလည်းရတယ်...စိတ်ကြိုက်အော်ချင်လည်းရတယ်... ကိုယ်က ရပ်မှာမဟုတ်ဘူး'
