Assassin Ep.2

2.7K 95 2
                                        

'သူဌေး... Light ဒီရက်ထဲ အစားသောက်တွေ နှစ်ယောက်စာဝယ်နေတယ်'

'ဟာ... ဒီကောင် light ခုထိ အဲ့ကောင်ကို မရှင်းသေးဘူးလား... ဆက်စောင့်ကြည့်ထား...light အဲ့ကောင်လေးကို မရှင်းရင် ငါရှင်းမယ်'
______________________________

ရက် အနည်းငယ် ကြာပြီး ဖြူးကောင်ပေါက် နဲ့ ကျနော်လည်း အနည်းငယ် အဆင်ပြေလာသည်။သူဌေးဆီ ဖြူးကောင်ပေါက်ပုံ ပို့ထားပေမဲ့ ခုချိန်ထိ seenမပြသေး။

'အာ...အစ်ကို ခေါက်ဆွဲဗူးကုန်သွားပြီ'

'အင်း.. ကိုယ်သွားဝယ်ပေးမယ် '

'ညမိုးချုပ်နေပြီ ထားလိုက်ပါတော့ဗျာ'

'ရတယ် ..မင်းသာ ထွက်မပြေးနဲ့'

ကျနော် ယုံကြည်လို့ သူကို ဒီတိုင်း ထားခဲ့လိုက်သည်။
____________________________

'ဆရာ.. Lightကို ပ,ထုတ်ပြီး ဆရာဘဲ ရှင်းလိုက်ပါလား'

'Lightဆီ ဖုန်းဆက်လိုက်'

___________________________

Tvကလာတဲ့ ပျင်းစရာ အစီစဉ်တွေကို စိတ်ဝင်တစား ကျနော် ကြည့်ရင်း ရုတ်တရက် ဖုန်းမြည်သံကြားလိုက်သည်
ကျနော် မျှော်လင့်ချက်လေး အရောင်လဲ့သွားသလိုဘဲ
ကျနော် ဖုန်းကို အသည်းသန် ရှာမိ့သည်။ ဟော့...တွေ့ပြီ ခေါင်းအုံးအောက်မှာ ဖုန်းဆက်လာတဲ့ နမည်က မြေခွေးအိုတဲ့
ကျနော် ကိုင်ကြည့်တော့....တဖက်လူက....

'Light... ခရီးထွက်စရာရှိတယ် ၁ပတ်ကြာမယ် လိပ်စာပြောမယ် လိုက်ရေးလိုက်'

____________________________
လေလေးချွန်ရင် mini shopထဲ ဝင်လိုက်သည် စားစရာ သောက်စရာတွေ ဝယ်ပြီး လိုရမယ်ရ ကွန်ဒုံးပါဝယ်လိုက်သည်။ အရောင်းဝန်ထမ်းကောင်လေးက ရှက်ရှက်နဲ့ လှမ်းမေးသည်။

'အကို ငွေသားနဲ့ ဒါမှမဟုတ် scanဖတ်ပြီး ရှင်းမလား'

'Scan' ကျနော် ပြောရင်း ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းစမ်းမိ့သည်။ ကျနော် ရှော့ရသွားသည် သွားပြီး ဖြူးကောင်ပေါက်...

ခပ်မြန်မြန် ပိုက်ဆံရှင်းပြီး အိမ်ကို အသည်းသန် ပြန်လာလိုက်သည်။
____________________________
'Light ဘာလို့ စကားတစ်လုံးမှ ပြန်မပြောတာလဲ 'ဖုန်းချလိုက်ပြီး သူခေါ်ထားတဲ့ ph callကို ဖျက်လိုက်သည် ဖုန်းကို ခေါင်းအုံးအောက် စနစ်တကျ ပြန်ထားလိုက်ရင်း မျက်ရည်တချို့ဝဲတတ်လာသည် ကျနော် အဲ့အသံကို
မမှတ်မိ့ဘဲနေပါ့မလား?

ပန်းချီကားတစ်ချပ် (completed)Место, где живут истории. Откройте их для себя