Devil (Uni)

6.8K 181 15
                                    

'ဒီနေ့ကော ဘာဝယ်အုံးမလဲ'

သူမ ကျနော့်ကို ကျော်ပြီး လက်ညှိုးထိုးပြတော့ black devil Cigaretteဗူး။

'အဲ့ဟာ တစ်ဗူးပေး!'

'ထပ်ပြီးလား? မရဘူး မရောင်းဘူး'

'မရောင်းလည်းနေ တခြားဆိုင်က သွားဝယ်မယ်'

'နေအုံး.. ပေးမယ်'

ပိုက်ဆံရှင်းပြီး ချက်ချင်းထွက်သွားတဲ့ ခလေးမကို ကျနော်ကြည့်ရင်း သက်ပြင်းချမိ့တယ် အမြဲ Cigaretteဗူးတွေဘဲ လာဝယ်တတ်တဲ့ ဒီခလေးမကို ဘယ်လို တရားချရမှန်း ကျနော် မသိတော့ဘူး အစက အိမ်ကအဖေဖြစ်ဖြစ်ဝယ်ခိုင်းတယ် ထင်ခဲ့တာ တရက်က သူမကိုယ်တိုင် Cigaretteသောက်ရင်း ဆိုင်ထဲဝင်ချလာတာမို့ ကျနော်အတော်လန့်ခဲ့ရတယ်

နောက်တနေ့~

'devilတဗူးပေး!'

'ဒီနေ့တော့ လုံးဝမရဘူး နေ့တိုင်းဝယ်နေတာ ရောဂါရှာနေတာလား '

'မ ရောင်းလည်း တခြားဆိုင်ကဝယ်တာပေါ့'

'ခဏ... လက်ဖြန့်..'

သကြားလုံးတစ်လုံး သူမ လက်ထဲ ကျနော် ထည့်ပေးလိုက်တော့ သူမက နားမလည်သလိုကြည့်နေတယ်

'အသည်းကွဲနေရင် ဆေးလိပ်မသောက်ရဘူး
သကြားလုံးစား...'

'ကျမ အသည်းကွဲနေတာ မဟုတ်ဘူး'

သကြားလုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း သူမကပြန်မေးတယ်

'အကို ကျွန်မကို မကြောက်ဘူးလား '

'ဟင့်အင်း'

သူပြောမှ ကျနော် သတိထားမိ့တယ် ဆိုင်ထဲမှာ သူနဲ့ ကျနော် နှစ်ယောက်တည်းရှိတာ...သူဆိုင်လာတဲ့ အချိန်တွေက များသောအားဖြင့် ညဘက်တွေ။

'ကျမ သွားပြီ'

ကျနော် အသိ့စိတ်ကပ်ပြီး သူမကို ပြန်နှုတ်ဆက်လိုက်တယ် စိတ်ထဲမှာတော့ တွေဝေခြင်းများစွားဖြင့်။

_______________________

သူမ ဆိုင်မလာတာ တပတ်လောက်ရှိပြီ ကျနော် တာဝန်ချိန်မှာမလာတာများလား တခြားလူချိန်မှာ လာတာများလား ကျနော် စဉ်းစားနေချိန်...

ပန်းချီကားတစ်ချပ် (completed)Donde viven las historias. Descúbrelo ahora