နေဝင်လာလေ သူမ စိတ်တွေ ထွေးပြားလာလေ။
ပထမအိမ်မက်ကယောက်ျားနဲ့ ဒုတိယအိမ်မက်ကယောက်ျားကမတူပြန်။ Faithက ရုပ်အမျိုးမျိုးလုပ်တတ်တာလား။ သူအမေကကော Faithက ငါ့ကို သဘောကျတာ ဘယ်လိုသိ့တာလဲ အိမ်မက်ပေးလို့လား။ အဖြေရှာမရဘဲ မျက်ရည်တွေဝဲကာ ပြတင်းပေါက်ဘက်ငေးနေတဲ့သူမလေးကို Faithသနားလာသည်။ ရဲတက်နေတဲ့ပါးလေးကို သူမမြင်ရက်။ 'တောင်းပန်ပါတယ်'ကိုယ်မကာကွယ်နိုင်ခဲ့လို့။
အိပ်ပျော်လို့မဖစ်ဘူး။ နောက်ထပ်အနိုင်ကျင့်မခံချင်ဘူး။ သို့ပေမဲ့ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က သူမကို အနိုင်ယူသွားသည်။
'အိမ်မက်တခုထဲသာ လာခွင့်ရှိသေးတဲ့ အားနည်းတဲ့သရဲတကောင်ဖစ်နေလို့ ခွင့်လွှတ်ပါ Elle'
ပါးပြင်လေးကို လက်နှစ်ဖက်နဲ့ ဖြေးညှင်းစွာ ကိုင်ရင်း မွှေးကြူလိုက်သည်။ နှုတ်ခမ်းပါးတွေကို နမ်းရှိုက်ဖို့ ကြိုးစားရင်း
'တော်ပါတော့လား Faith'
'ဘာလို့လဲ' သူမ နိုးနေခဲ့တာဘဲ။ တုန်လှုပ်မနေဘဲ အဖြေသာလိုချင်နေတဲ့သူမက သူကို နည်းနည်းမှကြောက်မနေတော့။
'ဒီလောက်နဲ့တော်ပါတော့ Faith ရှင်နဲ့သက်ဆိုင်ရာသွားပါတော့လား'
'ဘာ' Elleက သူ့ကို ဆွသလိုဖြစ်သွားကာ
ချက်ချင်း ချောမောနေတဲ့ရုပ်ရည်က ဟုတ်ချည်ဆိုသလို လည်ပင်းမှာ ကြိုးကွင်းရာနှင့် ပြာနှမ်းသောမျက်နှာက ပေါ်လွှင်လာသည်။
'Faith' သူမသူ့ဆီ လက်လှမ်းလိုက်ပေမဲ့ ပုတ်ချခံလိုက်ရသည်။
'ကောင်းကောင်းအိပ် Elle' သူကတော့ ရေငွေ့လေးလို ပျောက်ကွယ်သွားသည်။
________________________
'Elleဘာသာ သွားလည်းရပါတယ် ' ခေါင်းစွပ်နဲ့ကောင်လေးက သူမစကားကို ဂရုတောင်မစိုက်။
'နမည်ကဘာလဲ' ခြေလှမ်းမြန်တဲ့ သူ့အနောက်က်ပြေးလိုက်ကာ
'Brown'
'တကယ်ကြီးလား နမည်နဲ့ အချိုးကလိုက်သားဘဲ'
'စကားများတယ်'
Faithသူမနောက်က အရိပ်လို လိုက်နေပေမဲ့ ဒီမြင်ကွင်းကြောင့် သူ ရင်တွေ ကွဲမလိုဘဲ တဖက်က ချစ်ရသူ တဖက်က ယုံကြည်ရတဲ့သူငယ်ချင်း သူတို့သာ လက်တွဲဖော်ဖြစ်သွားရင်...
